နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လော့စ်အိန်ဂျလိစ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး ညွှန်ကြားချက်များ ပြန်လည်ထုတ်ပြန်မည်

လော့စ်အိန်ဂျလိစ်၊  ဇူလိုင်  ၁၇ 


ကိုဗစ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ကိုဗစ်စည်းမျဉ်းများ ဖြေလျှော့ပေးထားသော လော့စ်အိန်ဂျလိစ်မြို့တွင် နေအိမ်နှင့် အဆောက်အအုံများ အတွင်း နှာခေါင်းစည်းတပ်ဆင်ရေး စည်းကမ်းချက်များ ပြန်လည်ချမှတ်မည်ဖြစ် ကြောင်း သိရသည်။ 


လော့စ်အိန်ဂျလိစ်မြို့သည် လူဦးရေ ၁၀ သန်းရှိပြီး လူနေထူထပ်သည့်မြို့လည်း ဖြစ်ကာ လာမည့် ဇူလိုင် ၂၉ ရက်ကစ၍  နှာခေါင်းစည်းပြန်တပ်ရန် စည်းကမ်းချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ဒေသန္တရကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။ 


အမေရိကန်နိုင်ငံတစ်ဝန်း နောက်ဆုံးဖြစ်ပေါ်နေသည့် ကိုဗစ်ကူးစက်မှုမြင့်တက် လာခြင်းများသည် BA.5 မျိုးကွဲသစ်ကြောင့်ဖြစ်ပြီး ကူးစက်မှုဖြစ်စဉ်များ၏ ၆၅ ရာခိုင်နှုန်းသည် BA. 5 ဖြစ်ကာ ၃၅ ရာခိုင်နှုန်းသည် BA.4 မျိုးကွဲသစ်ကြောင့်ဖြစ် ကြောင်း သိရသည်။ 


အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲနှစ်ခု၏ ကမ္ဘာတစ်ဝန်း ကူးစက်မှုဖြစ်စဉ်များသည် သိသာပေါ်လွင်လာသည်မှာ သီတင်းပတ်များစွာရှိနေပြီဖြစ်ကြောင်း အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောသည်။ 

(Ref:BBC)






အခြားဆက်စပ်သတင်းများ