နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာ၀ဘေးနှင့် ဒုံးကျည်တိုက်ခိုက်မှုအန္တရာယ်များအတွက် ထိုင်ဝမ် ​ကြိုတင်ပြင်ဆင်

ထိုင်ဝမ်၊  ဇူလိုင်  ၁၇ 


ထိုင်ဝမ်တွင် သဘာ၀ဘေးအန္တရာယ် နှင့် တရုတ်ပြည်မကြီးမှ ကျရောက်လာ နိုင်ဖွယ်ရှိသည့်  ဒုံးကျည်တိုက်ခိုက်မှု အန္တရာယ်များအပေါ် တုံ့ပြန်နိုင်ရန်ကြို တင်လေ့ကျင့်မှုများကို ဇူလိုင် ၁၆ ရက် တွင် စတင်ပြုလုပ်ကြောင်းသိရသည်။ 


အဆိုပါ အစမ်းလေ့ကျင့်မှုအတွင်း ကယ်ဆယ်ရေးအဖွဲ့များသည် ဒုံးကျည် တိုက်ခိုက်မှုကြောင့် လူနေအဆောက် အအုံများ၊  သယ်ယူပို့ဆောင်ရေးများ ပျက်စီးသွားပုံ အပါအဝင် သဘာ၀ဘေး အန္တရာယ်ပုံစံအမျိုးမျိုးနှင့် ရင်ဆိုင်ရပုံကို သဏ္ဌာန်တူ လေ့ကျင့်မှုများပြုလုပ်လေ့ ကျင့်ခြင်းဖြစ်ပြီး သဏ္ဌာန်တူပြုလုပ်ထား သည့် အပျက်အစီးပုံများအကြား ကယ် ဆယ်ရေးသမားများနှင့် အနံ့ခံခွေးများက ဒဏ်ရာရလူနာများကို ကယ်ထုတ်သည့် ပုံသဏ္ဌာန်များကိုလည်း လေ့ကျင့်ကြ ကြောင်း သိရသည်။ 


လေ့ကျင့်မှုများအတွင်း ရဲ၊ မီးသတ် နှင့် စေတနာ့ဝန်ထမ်း ၁၈၀၀ ဦး ပါဝင်ပြီး ကယ်ဆယ်ရေးယာဉ်ယန္တရား ၂၀၀ စင်း နှင့် ရဟတ်ယာဉ် လေးစင်း ပါဝင်သရုပ်ပြ လေ့ကျင့်ကြောင်း ထိုင်ဝမ်မြို့တော်အုပ် ချုပ်ရေးအဖွဲ့က ပြောသည်။ လက်ရှိဖြစ် ပွားနေသည့် ယူကရိန်းကို ရုရှားကျူးကျော် တိုက်ခိုက်မှုသည် ထိုင်ဝမ်အစိုးရကြုံလာ နိုင်ဖွယ်ရှိသည့်   တရုတ်ပြည်မကြီး၏ တိုက်ခိုက်မှုများကို ပြည်သူလူထုတစ် ရပ်လုံး ရင်ဆိုင်နိုင်ရေးနှင့် ကြိုတင်ပြင် ဆင်မှုရှိရန် သတိပေးနေခြင်းဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။                   

(Ref:Reuters)






အခြားဆက်စပ်သတင်းများ