နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန် တပ်မတော်တွင် ဒရုန်းတပ်ဖွဲ့ ငါးဖွဲ့ ထပ်မံဖွဲ့စည်းမည်

တီဟီရန်၊  ဇူလိုင်  ၁၇ 


အီရန်တပ်မတော် ကြည်းတပ်သည် မောင်းသူမဲ့လေယာဉ် ဒရုန်းတပ်ဖွဲ့ ငါး ဖွဲ့ကို   ထပ်မံဖွဲ့စည်းမည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန် ကြေညာ လိုက်သည်။ 


အီရန်တပ်မ​တော်ရှိ ကြည်းတပ် တပ် ဖွဲ့များတွင် အဆင့်အမြင့်ဆုံး မောင်းသူ မဲ့လေယာဉ် အများအပြားရှိနေပြီး ဒရုန်း အခြေစိုက်စခန်း ၃၁၃ တွင် ခရုဇ်ဒရုန်းနှင့် ဟိုင်ဒါဒရုန်းများ အပါအဝင်  အဆင့်မြင့် မောင်းသူမဲ့လေယာဉ်များ ရရှိထားသည့် အတွက် ကြည်းတပ်သည် ဒရုန်းတပ်ဖွဲ့ သစ်ငါးဖွဲ့ကို ထပ်မံဖွဲ့စည်းရန် အဆိုပြု ထားသည်ဟု ဗိုလ်မှူးချုပ် ကီရိုမားစ်ဟိုင် ဒါရီက ပြောသည်။ 


ယင်းသို့ ဒရုန်းတပ်ဖွဲ့သစ် ငါးဖွဲ့ထပ်မံ ဖွဲ့စည်း​လိုက်သော်လည်း  ယင်းတပ်ဖွဲ့ အတွက် လူအင်အား ထပ်မံလိုအပ်မည် မဟုတ်ကြောင်း ယင်းကဆိုသည်။ 


ကြည်းတပ်၏  မြေပြင်တပ်ဖွဲ့များ ဖွဲ့စည်းပုံပြောင်းလဲခြင်းသည် စစ်ဆင်ရေး လိုအပ်ချက်များအရဖြစ်ကြောင်း ယင်းက ပြောကြားထားပြီး    လက်နက်များ၏ အကွာအဝေးနှင့်တိကျမှုကို မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ 

(Ref:AFP)






အခြားဆက်စပ်သတင်းများ