နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုလသမဂ္ဂ၏ လေကြောင်းခရီးစဉ်အားလုံး ဆိုင်းငံ့မည်ဟု မာလီအစိုးရ ကြေညာ

ဘာမာကို၊  ဇူလိုင်  ၁၇ 


နိုင်ငံတော်    လုံခြုံရေးဆိုင်ရာ   အကြောင်းပြချက်နှင့်  နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ၏ လုံခြုံရေး လေကြောင်းခရီးစဉ်အလှည့် ကျ ပျံသန်းမှုများကို ဆိုင်းငံ့လိုက်ကြောင်း အနောက် အာဖရိကရှိ မာလီနိုင်ငံ အစိုးရ က ဇူလိုင် ၁၆ ရက်တွင် ကြေညာသည်။ 


နိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲရောက် ရှိလာသည့် အိုင်ဗရီကို့စ်နိုင်ငံမှ စစ်သား ၄၉ ဦးကို  မာလီအစိုးရက    ဖမ်းဆီးပြီး နောက် ရက်ပိုင်းအကြာတွင် ကုလသမဂ္ဂ ၏ လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်း ငံ့ထားရန် မာလီနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 


ကုလသမဂ္ဂ၏ အထူးတပ်ဖွဲ့ဝင်များ အပါအဝင် အိုင်ဗရီကို့စ် စစ်သား ၄၉ ဦးကို မာလီအာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် မာလီအစိုးရ နှင့် ကုလသမဂ္ဂကြား  တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ 


အိုင်ဗရီကို့စ်   စစ်သားများသည် မာလီနိုင်ငံသို့  လာရောက်ရန်သင့်လျော် သည့်   ခွင့်ပြုချက်မရှိကြောင်း မာလီ အာဏာပိုင်များကပြောကြားပြီး ယင်းတို့ ကို ကြေးစားစစ်သားများဖြစ်ကြောင်း  စွပ်စွဲထားသည်။ 


အိုင်ဗရီကို့စ် ဘက်ကမူ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ် အတွက် အထောက်အကူပေးရန်ရောက် ရှိလာခြင်းဖြစ်သည့်အတွက် တပ်ဖွဲ့ဝင် များကို နှောင့်နေးမှုမရှိဘဲ ပြန်လွှတ်ပေး သင့်ကြောင်း ပြောကြားထားသည်။ 

(Ref:AFP)






အခြားဆက်စပ်သတင်းများ