နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါလက်စတိုင်း ဆေးရုံများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မည်ဟု ကန်သမ္မတကြေညာ

ဂျေရုဆလင်၊  ဇူလိုင်  ၁၇ 


ပါလက်စတိုင်းလူမျိုးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ ပေးထားသော ဂျေရုစလင်မြို့ရှိ ဆေးရုံ များကို ကန်ဒေါ်လာ သန်း ၁၀၀ ထောက် ပံ့ပေးမည်ဟု အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်က  ဇူလိုင် ၁၆ ရက်တွင် ကြေညာ သည်။ 


ကန်သမ္မတဂျိုးဘိုင်ဒင်သည် ပါလက် စတိုင်းများကို ကုသ​ပေးနေသော ဂျေရု စလင်ရှိ ဆေးရုံများအတွက် အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကင်ဆာ ရောဂါနှင့် ကလေးအသည်းရောဂါရှာဖွေ မှုများအတွက်  ထောက်ပံ့မှုများပေးအပ် မည်ဖြစ်ကြောင်း ပြောကြားထားခြင်းဖြစ် သည်။ 


အဆိုပါ  ထောက်ပံ့မှုကို အောက် လွှတ်တော်က အတည်ပြုထားပြီး လာမည့် နှစ်များတွင် ထောက်ပံ့ကြေးများပေးပို့ သွားမည်ဖြစ်ကာ  ဂျေရုစလင်ရှိ ဆေးရုံ ခြောက်ခုကို      ပါလက်စတိုင်းတို့၏ ကျန်းမာရေးအတွက်    ကျောထောက် နောက်ခံပေးနေသော  မွန်မြတ်သည့် ဆေးရုံများဟု သမ္မတ ဂျိုးဘိုင်ဒင်ကပြော သည်။ 


အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရန့်လက်ထက်က ပါလက်စတိုင်းကို ထောက်ပံ့ကြေးများပေးရန်  ရပ်ဆိုင်း ထားခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင် လက်ထက် တွင် ထောက်ပံ့မှုအများစုကို ပြန်လည် ပေးပို့ထားသော်လည်း အစ္စရေး-ပါလက် စတိုင်း  ငြိမ်းချမ်းရေးသည် ယခုအချိန်ထိ တိုးတက်မှုမရှိသေးကြောင်းသိရသည်။ သမ္မတဂျိုးဘိုင်ဒင်သည် ပါလက်စတိုင်း ကို  ထောက်ပံ့ကြေးအဖြစ် ကန် ဒေါ်လာ သန်း ၃၀၀ အထိ ပေးအပ်ရန် စီစဉ်ထားသည်။                                      (Ref:AP)






အခြားဆက်စပ်သတင်းများ