နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆောင်ရွက်

လူသားတို့၏ နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်များအနက် နေ့စဉ် အဓိကလိုအပ်ချက်မှာ စားရေးရိက္ခာ စားရေးလိုအပ်ချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏လူဦးရေ သန်း ၆၀ ခန့်သော ပြည်သူပြည်သားများ စားနပ်ရိက္ခာပြည့်စုံစွာ စားသုံးနိုင်ရေး ထုတ်လုပ်ပေးနေသည်မှာ တောင်သူလယ်သမားဦးကြီးများပင် ဖြစ်သည်။


တောင်သူလယ်သမားဦးကြီးတို့နှင့် တွဲဖက်၍ ရုန်းကန် လုပ်ဆောင်ရသော လုပ်ငန်းများတွင် ကျွဲ၊ နွားများ၏ စွမ်းဆောင် ချက်များကလည်း အရေးပါလှသည်။ ခွာနာ၊ လျှာနာရောဂါသည် ခွာကွဲတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ ယခုကဲ့သို့ ရာသီအကူးအပြောင်းနှင့် စိုစွတ်သော ကာလများတွင် ရောဂါပိုမိုဖြစ်ပွားလေ့ရှိသည်။


မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ရောဂါ ဖြစ်ပွားမှုကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ဆောင်ရွက်လျက် ရှိသည်။


အဆိုပါလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရစ္ဆာန်ကျန်းမာရေး လုပ်သားများနှင့် ပူးပေါင်း၍ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် တားဆီးရေး အသိပညာပေးခြင်း၊ ပညာပေးပိုစတာများ စိုက်ထူ ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြ သည်။ 


ကျွဲ၊ နွား၊ ဝက်များ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် မွေးမြူ ရေးခြံများတွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး မွေးမြူ ရေးခြံသုံး ပိုးသတ်ဆေးများ ဖျန်းခြင်း၊ မွေးမြူရေးခြံများ၏ ဇီဝ လုံခြုံရေးကို အထူးဂရုပြု မြှင့်တင်ရာတွင် ရောဂါဖြစ်တိရစ္ဆာန်၏ အညစ်အကြေးများ စနစ်တကျစွန့်ပစ်ရန် လုပ်ငန်းများဆောင်ရွက် ကြသည်။


လယ်ယာလုပ်ငန်းခွင် ဝင်ရောက်သည့် ကျွဲ၊ နွားများ၊ ခွာကွဲ တိရစ္ဆာန်များတွင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတတ်သော ရောဂါ များ ကင်းစင်မှသာ လယ်ယာဦးကြီးတို့အတွက် အထောက်အပံ့ ဖြစ်စေမည်ဖြစ်ရာ ရောဂါဖြစ်ပွားသော တိရစ္ဆာန်များ တွေ့ရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်များသို့ ဆောလျင်စွာ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း  တိုက်တွန်းနှိုးဆော်ရပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ