နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ပေါင်း ၇၆ သန်း သက်တမ်းရှိ ဒိုင်နိုဆောအရိုးစုကို လေလံတင်ရောင်းချ

နယူးယောက်၊ ဇူလိုင် ၈


လွန်ခဲ့သည့်နှစ်ပေါင်း ၇၆ သန်းခန့်က ကမ္ဘာမြေပေါ်တွင် သွားလာနေထိုင်ခဲ့ သည့်ဒိုင်နိုဆောရုပ်ကြွင်း အရိုးစုကို ယခုလအတွင်း နယူးယောက်မြို့တွင် လေလံတင်မည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက်တွင် ကြေညာလိုက်သည်။


အဆိုပါ ဂေါဂိုဆောရပ်မျိုးနွယ်စု ဒိုင်နိုဆောရုပ်ကြွင်းကို ဇူလိုင် ၂၈ ရက် တွင်လေလံတင် ရောင်းချမည်ဖြစ်ပြီး ဂါဂိုဆောရပ် မျိုးနွယ်စု ဒိုင်နိုဆောများ သည်လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၅ သန်း ဝန်းကျင်တွင် အမေရိကန်နှင့် ကနေဒါ အနောက်ပိုင်းတွင် နေထိုင်ခဲ့သည့်အသား စားသတ္တဝါများ ဖြစ်သည်။


လေလံတင် ရောင်းချမည့် ဒိုင်နိုဆော ရုပ်ကြွင်းကို မွန်တနာပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်ကြွင်း၏ အမြင့်သည် ၁၀ ပေနီး ပါးရှိကာ အရှည် ၂၂ ပေရှိသည်။


အခြားလူသိများသည့် ဂေါဂိုဆော ရပ်အရိုးစုများကိုမူ ရောင်းချသွားမည် မဟုတ်ဘဲ ပြတိုက်အတွင်း၌သာထား ရှိမည်ဖြစ်ပြီး လေလံတင်သွားမည့် အရိုး စုတစ်ခုတည်းကိုသာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်အတွက် ရောင်းချသွားမည် ဖြစ်သည်။ကျောက်ဖြစ် ရုပ်ကြွင်းအတွက် လက်ရှိလေလံတင်ထားသည့်  ကြမ်းခင်း စျေးသည် ဒေါ်လာ ၅ သန်း ဖြစ်သည်။

(ref: ABC News)






အခြားဆက်စပ်သတင်းများ