နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းစစ်ပွဲရပ်တန့်ရေး တရုတ်နှင့် အင်ဒိုနီးရှား တောင်းဆို

ဂျာကာတာ၊ ဇူလိုင် ၈ 


ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စည်းလုံးညီ ညွတ်စွာရပ်တည်ပေးကြရန် တရုတ်နှင့် အင်ဒိုနီးရှားက G20 ထိပ်သီးအစည်း အဝေးမစခင် ဇူလိုင် ၇ ရက်ကတောင်း ဆိုလိုက်သည်။

ရုရှားနှင့် ယူကရိန်းတို့၏ ရိက္ခာပို့ ကုန်များကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ ရေးကွင်းဆက်အဖြစ် ပြန်လည်ပေါင်း စည်းရန် နှစ်နိုင်ငံက တိုက်တွန်းလိုက် ခြင်း ဖြစ်သည်။


အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေ ကျွန်းတွင် ကျင်းပသည့် G20 ထိပ်သီး အစည်းအဝေး၏ ပြင်ပအစီအစဉ်တစ်ခု အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့်အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရန်တို မာဆူဒီတို့က တိုက်တွန်းထားခြင်း ဖြစ်သည်။


ရုရှား-ယူကရိန်း ပဋိပက္ခကြောင့်ဖြစ် ပေါ်လာသည့် တင်းမာမှုများသည် အင်ဒို နီးရှားတွင် နှစ်ရက်ကြာကျင်းပမည့် G20 အစည်းအဝေးကို လွှမ်းမိုးလျက်ရှိနေ သည်။


ရုရှားသည် ကမ္ဘာလုံးဆိုင်ရာစားနပ် ရိက္ခာအကျပ်အတည်းကို ပိုဆိုးရွားသည် အထိပြုလုပ်နေပြီး ယူကရိန်း ဆန်တင်ပို့ မှုကိုပိတ်ဆို့ကာ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေကြောင်း စွပ်စွဲထားသော် လည်းရုရှားကမူ ဆန်တင်ပို့မှု အတား အဆီးမရှိ အဆင်ပြေချောမွေ့စေရန်  အဆင်သင့် လုပ်ဆောင်ထားကြောင်း ပြောသည်။              (ref: AFP)






အခြားဆက်စပ်သတင်းများ