နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ရေမြေနှင့်သစ်တောသယံဇာတအရေးပါ

ရေသည်သစ်တောများဖုံလွှမ်းသည့် တောတောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ ရေအရင်းအမြစ်များဖြစ်သည့် သဘဝ ရေထွက်များ၏ တောတောင်စိမ့်၊ စမ်းများမှစ၍ မြစ်၊ ချောင်း၊ အင်း အိုင်ရေတိမ်ဒေသတို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးရေဖျားဒေသများရှိသစ်တောဖုံးလွှမ်းမှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ် သည်။


လူသားတို့ဖန်တီးတည်ဆောက်ကြသည့် ဆည်၊ တမံတို့၏ အသက်သွေးကြောသည် ရေအရင်းအမြစ်များရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့်အတွက် ရေဝေရေလဲဒေသနှင့် ရေဦးရေ ဖျားဒေသရှိ သစ်တောသယံဇာတအရင်းအမြစ်များအား ထိန်း သိမ်းစောင့်ရှောက်ရန်လိုအပ်သည်။


သစ်တောဖုံးလွှမ်းမှုကောင်းမွန်သော နေရာများ၌ မြေတိုက် စားမှုအနည်းငယ်သာရှိနိုင်သော်လည်း သစ်တောပြုန်းတီးသည့် မြေနေရာများတွင် မြေတိုက်စားမှု ပြဿနာဆိုးရွားစွာ ကြုံတွေ့ကြ ရသည်။ ယင်းကြောင့် ရေထုညစ်ညမ်းခြင်း၊ သန့်ရှင်းသော သောက်သုံးရေရှားပါးလာခြင်း၊ ရေထွက်များ ခန်းခြောက်လာခြင်း၊ ဆည်နှင့်ရေလှောင်တမံများ၌ သဲနှုန်းပိုချခြင်း၊ တိမ်ကောလာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာခြင်းစသည်တို့ ကြုံတွေ့လာကြ ရသည်။


ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု အပါအဝင်ရာသီဥတုနှင့် ဆက်စပ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရန် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရမည်ဖြစ်သည်။ အစိမ်းရောင် စီးပွားရေးသည် ရာသီဥတုတည်ငြိမ်ရေး ဆင်းရဲနွမ်းပါးမှု လျော့ချ ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံး လုပ်ငန်းများအနက်မှ တစ်ခုဖြစ်သည်။


အစိမ်းရောင် စီးပွားရေးလုပ်ငန်းစဉ်များ ဖြစ်သော ကာဗွန် ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျော့ချရေး၊ စွမ်းအင်နှင့်သယံ ဇာတများထိရောက်စွာ အသုံးချနိုင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများအား တားဆီးကာကွယ်ရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဦးစီးဌာန၊ သစ်တော ဦးစီးဌာနသည် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နိုင်ငံတစ်ဝန်း တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက စုပေါင်းစိုက်ပျိုးလျက်ရှိ သည်။ တောပြုန်းရင်မြေဆီသုဉ်းသည်ဆိုရိုးစကာအတိုင်း လူတိုင်း သစ်တစ်ပင်စိုက်ပျိုးခြင်းဖြင့် ယနေ့ကြုံတွေ့နေရသော ရေနှင့်ဇီဝ မျိုးကွဲထိန်းသိမ်းရေးပြဿနာများကို ပူးပေါင်းပါဝင်ကာ အစိမ်း ရောင် ဖွံ့ဖြိုးရေးကို အထောက်အပံ့ဖြစ်စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ