နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်

ကမ္ဘာနှင့်အဝန်းရာသီဥတုအပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ် လျက်ရှိပြီး ကမ္ဘာ့မိသားစုနိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့် လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ဆင့်ကဲခံစားရလျက်ရှိ သည်။ သဘာဝဘေးအန္တရာယ်များသည် ထိန်းချုပ်၍ မရဘဲ အချိန် မရွေး၊ နေရာ ဒေသမရွေး ဖြစ်ပေါ်နိုင်သည်။ 


သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက် မပြတ်တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကို ကမ္ဘာ့နိုင်ငံများ နည်းတူမြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီး မှ ပြည်နယ်ခရိုင်၊  မြို့နယ်အဆင့်ထိ  သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ကော်မတီများ ဖွဲ့စည်းကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်  ၆ ရက်က ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီးရှိ ဧရာဝတီ-ဟင်္သာတ တာတိုင် ၄/၆ တွင် ဧရာဝတီမြစ် မြစ်ကမ်းပါးတိုက်စား မှုအခြေအနေ၊ ဧရာဝတီ-ဟင်္သာတ တာတိုင် ၃/၀ ရှိ ရေကင်းစခန်း အမှတ် (၈) အိပ်ပျက်တာနယ်နှင့် ဟင်္သာတကမ်းနားတာ၊ ဦးပါရဲ ရေကင်းစခန်းတို့ရှိ မိုးရာသီရေဘေးကာကွယ်ရေးတာတမံများ ပြင်ဆင်ခြင်း၊ လုပ်ငန်းများကို တာတမံလုပ်သားများဖြင့် ဆောင် ရွက်နေမှု အခြေအနေများ ၊ အရေးပေါ်ပစ္စည်းများစုဆောင်းထားရှိမှု အခြေအနေများနှင့် ရေမှတ်တိုင်နှင့် ရေမှတ် မှတ်တမ်းရေးသွင်း ထားမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။


သဘာဝ‌ဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင် ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချခြင်း၊ ကြိုတင် ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း ဟူသည့် ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည်ဖြစ်သည်။


မိုးရွာသွန်းမှုအခြေအနေနှင့် မြစ်ရေသတိပေးချက်များကို မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီထုတ် ပြန်ပေးလျက်ရှိရာ မိုးလေဝသ သတင်းများကို အလေးထား သတိပြုလိုက်နာစေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ