နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်

ကျွန်ုပ်တို့နေ့စဉ် လုပ်ကိုင်နေကြသော လုပ်ငန်း၊ကိုင်ငန်း အသီးသီးတို့တွင် အဆင်ပြေချောမွေ့သည်များရှိသကဲ့သို့ တစ်ခါ တစ်ရံအဆင်မပြေသည်များလည်းရှိတတ်သည်။ မည်သို့သော အခက်အခဲအကျပ်အတည်းရှိစေကာမူ ရည်မှန်းချက်ပန်းတိုင် အရောက်လှမ်းနိုင်ရန် အရေးကြီးသည်။


လူ့ဘဝတွင် ဖြစ်ပြန်၊ ပျက်ပြန်လောကဓံဆိုသည့်အတိုင်း နိမ့်တစ်ခါ၊ မြင့်တလှည့်ရှိတတ်သည်။ လူတိုင်းလူတိုင်း ရံဖန်၊ ရံခါ အခက်အခဲအကျပ်အတည်းများကြုံတွေ့ရတတ်သည်။ ထိုအခါ စိတ်ပျက်ခြင်း၊ အားလျော့ခြင်း၊ ကြောက်ရွံ့နောက်ဆုတ်ခြင်းများ ပြုလုပ်တတ်သည်။ စိတ်ပျက်အားလျော့ခြင်းသည် ဘဝကို ကျရှုံး ခြင်း၏ လမ်းစပင်ဖြစ်သည်။ ဘဝကို အရှုံးမပေးသင့်ပါ။ ဘဝကို ကြံ့ကြံ့ခံရင်း လောကဓံကိုတွန်းလှန်နိုင်ရပါမည်။


မည်သည့်အခက်အခဲ၊ အကျပ်အတည်းမဆို၊ မည်သည့်လုပ် ငန်းမဆို ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံအသုံးချဆောင်ရွက် မည် ဆိုလျှင်အောင်မြင်မှု အထွတ်အထိပ်တက် လှမ်းနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ တက်ညီ၊ လက်ညီကြိုးစားအားထုတ်ရေးသည် အဓိကသော့ချက် ဖြစ်သည်။


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် ဇွန် ၂၅ ရက်က မွန်ပြည်နယ်အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ပေါင်မြို့နယ်၊ ကန်မြူကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ထောက်ပံ့ ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိသော သန့် ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး၊ ကျေးလက်ကုန်ထုတ် လမ်းဘေးဝဲယာရှိလယ်ယာ စိုက်ပျိုးမြေဧက ၁၀၀၀ ကျော် အကျိုး ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များမှာကြား သည်။


ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ မွန်ပြည်နယ်သမဝါယမ လုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးကြသည်။


သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေး စားစက်မှုလက်မှုဦးစီးဌာနသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် မျှော်မှန်းချက်နှင့်အညီ မူဝါဒ ၃ ရပ်၊ လုပ်ငန်းစဉ် ၆ ရပ် ချမှတ်ကာ အသက်မွေးဝမ်းကျောင်းပညာ၊  ကာလတိုသင်တန်းများဖွင့်လှစ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုလုပ်ငန်းများ မှတ်ပုံတင် ဆောင်ရွက်ပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အသေးစားစက် မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က နည်းလမ်း ပေါင်းစုံဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။


တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ ဆိုသည့်စကားအတိုင်းတက်ညီ၊ လက်ညီဆောင် ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ