နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးလွန်တုပ်ကွေးကာကွယ်ရေးထာဝစဉ် ဂရုစိုက်ပေး

သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ်ခြင်အကိုက်ခံရမှု ကြောင့် ယင်းသယ်ဆောင်လာသော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ပိုးများ ပျံ့နှံ့သွားပြီး ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ သွေးလွန် တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်အမျိုးအစားဖြစ်သော်လည်း      ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားမှသာလျှင် သွေးလွန်တုပ်ကွေးသည် အမှန်တကယ်ဖြစ်စေနိုင်သည်။  အဆိုပါ ခြင်သည် သွေးလွန်တုပ် ကွေးဖြစ်ပွားနေသူတစ်ဦးကို ကိုက်မှသာလျှင် ရောဂါဖြစ်ပွားစေ နိုင်သည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားပါက အမြန်ဆုံးဆေးရုံသို့ သွားရောက်ကုသရန်အရေးကြီးသည်။


ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်ဇွန်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအရေအတွက်သည် ယမန်နှစ်အလားတူကာလ ကထက် ၅၈  ရာခိုင်နှုန်းပိုများကြောင်း သေဆုံးသူ ၂၃၉ ဦးရှိကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သွေး လွန်တုပ်ကွေးရောဂါသည် နိုင်ငံအတွင်း မိုးရာသီတွင် ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ရေကြီးရေလျှံမှုများမှတစ်ဆင့် မသန့်ရှင်းသော ရေများတွင် ခြင်များပေါက်ပွားကာ ရောဂါပြန့်ပွားခဲ့ကြောင်းခြင် ပေါက်ပွားရာ နေရာများကို ရှင်းလင်းရန်တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သတင်းများတွင် တွေ့ရသည်။


သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေသည့် ခြင်များ မိမိတို့ အိမ်၊ ရုံးကျောင်းပတ်ဝန်းကျင်တွင် ပေါက်ပွားခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဟူသော ဆောင်ပုဒ်အတိုင်း ပိုးလောက်လမ်းနှိမ်နင်း ရေးကို အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် သတိပြုဆောင်ရွက် သင့်၏။ အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါသည် ဆင်ခြေ ဖုံးရပ်ကွက်များတွင် အဖြစ်များတတ်ပြီး ပိုးလောက်လမ်းနှိမ်နင်း ရေးကို တစ်လနှစ်ကြိမ်ဆောင်ရွက်သင့်သည်။


သွေးလွန်တုပ်ကွေး အန္တရာယ်မှ ကာကွယ်ရန် အရေးကြီးဆုံး သော အချက်မှာ မိမိတို့သားသမီးများ ခြင်အကိုက်မခံရအောင် အထူးသတိပြုကာကွယ်ခြင်းပင်ဖြစ်သည်။ နေ့ခင်းအိပ်စက်သည့် အခါ ခြင်ထောင်ဖြင့် အိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။


သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်သည်ရေကြည်၊ ရေသန့်တွင် ပေါက်ပွားတတ်သောကြောင့် အိုးများ၊ ရေကန် များကို ဖုံးအုပ်ထားသင့်၏။ ပိုးလောက်လမ်းများ မပေါက်ပွားစေ ရန် သက်ဆိုင်ရာ ဌာနများက အဘိက်ဆေးခတ်ခြင်း၊ ရေစီးရေ လာကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိပတ်ဝန်းကျင် တွင် ချုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ လေဝင်လေထွက် ကောင်းမွန်အောင် စီမံခြင်းတို့ကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သင့် သည်။ သွေးလွန်တုပ်ကွေးရောဂါ၏ အဓိကဖြစ်သော ပိုးလောက် လမ်းနှိမ်နင်းရေးကို သက်ဆိုင်ရာ ဌာနများနှင့်အတူ အားကြိုးမာန် တက်စုပေါင်းဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ