နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဆိုင်နေသော ခေတ်

၂၁ ရာစုခေတ်ကြီးသည် အရာရာ နေ့ချင်း၊ ညချင်းတိုးတက် ပြောင်းလဲနေသော ခေတ်မြန်ကြီးပင်ဖြစ်၏။ တိုးတက်မှုမြန်ဆန် ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကမ္ဘာအရပ်ရပ်တွင် ပြိုင်ဆိုင် မှု ကြီးထွားလာခြင်းကြောင့်ဖြစ်သည်။


လောက၌ ကောင်းသော ယှဉ်ပြိုင်မှုတိုင်းသည် တိုးတက်ကြ ကုန်၏။ အကောင်းကို ယှဉ်ပြိုင်သောအရာဟူသမျှ အကောင်းကို ဖြစ်စေ၏။ တစ်နည်းအားဖြင့် တိုးတက်ကြီးပွားခြင်းကို ဖြစ်နိုင်၏။ 


ယနေ့ခေတ်တွင် ပြိုင်ဆိုင်ခြင်းသည် ပြိုင်ဆိုင်သူများကိုသာ အကျိုးဖြစ်စေသည်မဟုတ်။ ပြည်သူလူထုကိုလည်းကောင်းစေ၏။ သို့သော် ပြိုင်ဆိုင်တုပခြင်းကို အတွေးသစ်၊အကြံသစ်တို့ဖြင့်       သာလွန်ကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြိုင် ဆိုင်တုပခြင်းသည် အတုအဆင့်၌ရှိ၍ အစစ်ဖြစ်မလာနိုင်ပါ။ အခြေ ခံအတုကို အကြောင်းပြု၍ ကိုယ်ပိုင်ဖန်တီးမှ အစစ်ဖြစ်လာနိုင် သည်။


ရှိရင်းစွဲကို အခြေခံပြီး ပိုမိုကောင်းမွန်အောင်ပြန်လည်မွမ်းမံ ရသည်။ ပြိုင်ဆိုင်တုပခြင်းတွင် တီထွင်မွမ်းမံခြင်းမရှိက အစစ်မဖြစ် နိုင်တော့ပါ။ နယ်ပယ်တစ်ခုတွင် သုတေသနရလဒ်တစ်ခုသည် နှစ်ပေါင်းများစွာ အကျိုးပြုနိုင်သည်။


သုတေသနရလဒ်ဆိုသည်မှာ သဘာဝတရားတွင် တိမ်မြှုပ်နေ သော စွမ်းရည်တစ်ခုကို လူသားအကျိုးပြုဖြစ်လာအောင် စွမ်းဆောင်ခြင်းပင်ဖြစ်သည်။ ၎င်းအပေါ်ဆင့်ကာ၊ ဆင့်ကာ သုတေ သနပြုခြင်းဖြင့် လူလောက အံ့ဩဖွယ်ပြောင်းလဲသွားနိုင်သည်။


စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာသီဥတု ပြောင်းလဲမှုနှင့် နည်းပညာရပ်ဆိုင်ရာဆန်းသစ်တီထွင်မှုဆိုင်ရာ တတိယအကြိမ် သုတေသနစာတမ်းဖတ်ပွဲကို နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ဇွန် ၂၃ ရက်က ကျင်းပရာပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦးက သမား ရိုးကျစိုက်ပျိုးထုတ်လုပ်မှုမှ သုတေသနရလဒ်များကို အခြေခံသည့် ခေတ်မီဆန်းသစ်သော နည်းပညာများ အသုံးပြုစိုက်ပျိုးထုတ် လုပ်ရန် လိုအပ်လျက်ရှိကြောင်း၊ ရာသီဥတုနှင့်လိုက်လျောညီထွေ စွာ ပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းပညာများလိုအပ်နေသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့်ဘေးထွက်  ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများအကျိုးရှိစွာပြန်လည်အသုံးချနိုင် မည့်နည်းပညာများဖော်ထုတ်ပေးရန် လိုကြောင်း ထည့်သွင်း မှာကြားခဲ့သည်။


ယင်းစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များက စာတမ်းစောင်ရေ ၈၃ ‌စောင်နှင့်ပိုစတာ ၁၃ စောင်ဖတ်ကြားတင်ပြပြီး တက်ရောက် လာသည့်  သုတေသနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ လေ့လာ သူများက ရှု့ထောင့်ပေါင်းစုံမှ သုံးသပ်မှု၊ မေးမြန်းအဖြေရှာမှု၊       အပြန်အလှန်ဆွေးနွေးမှုများဆောင်ရွက်ကြသည်။


သုတေသနပညာရှင်များ၏ လယ်ယာကဏ္ဍဆိုင်ရာ သုတေ သနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လာခြင်းဖြင့် လယ်ယာ ထွက်ကုန်ဖြစ်သည် ဆန်နှင့်ဆန်ထွက်ပစ္စည်းများ အပါအဝင် ဈေးကွက်သုတေသနလုပ်ငန်းများကိုသာမက ဆန်းသစ်တီထွင်  သည့် အလေ့အကျင့်ကောင်းများဖြင့် လုပ်ငန်းများဆောင်ရွက်လာ          ခြင်းအကျိုးကျေးဇူးများရရှိလာမည်ဟု ဆိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ