နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမဝါယမများ အောင်မြင်တိုးတက်ရေး၊ ကြိုးပမ်းလုပ်ဆောင်၊ တည်ဆောက်ပေး


မြန်မာနိုင်ငံတွင် သမဝါယမစနစ်ကို ၁၉ ရာစုနှစ်အစ ဦးပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှ စတင်ခဲ့သည်။ နှစ်ပေါင်း ၁၀၀ ကျော် ပြည်သူလူထု၏အကျိုးကို တတ်စွမ်းသမျှ သမဝါယမစနစ် ဖြင့် ဆောင်ရွက်ခဲ့သည်။


သမဝါယမစနစ်၏ အနှစ်သာရမှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲ ခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ် ခြင်းတို့ဖြစ်သည်။ သမဝါယမသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး    လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့် စနစ်ပင်ဖြစ်သည်။


၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂ ရက်သည် နှစ်တစ်ရာပြည့် အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သော "ကမ္ဘာလောက ပိုမိုကောင်းမွန်ရေး သမဝါယမ  များက တည်ဆောက်ပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ အကောင် အထည်ဖော် တည်‌ဆောက်ကြရမည်ဖြစ်သည်။


သမဝါယမဦးစီးဌာနသည် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ဖြစ်သော ကျေးလက်နေစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများ၊ အသေးစားကုန်ထုတ်လုပ်ငန်းငယ် လုပ်ကိုင်သူများကို စိုက်ပျိုး ရေးစရိတ်၊ မွေးမြူရေးစရိတ် ကုန်ထုတ်လုပ်စရိတ်ချေးငွေများ ထုတ်ချေးလျက်ရှိသည်။ ကျေးလက်ဒေသကို အခြေပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။


ကျေးလက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများသည် စားရေး၊ ဝတ်ရေး၊ နေရေး မကြောင့်ကြရန် ယခင် သမဝါယမ ဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Exim Bank ချေးငွေကို သမဝါယမအသင်း အဆင့်ဆင့်က အာမခံထား သော စနစ်ဖြင့် ပြည်ပဘဏ်ချေးငွေရယူကာ တစ်နှစ်အတိုး                   လေးရာခိုင်နှုန်း ဖြစ်သည်။ တစ်လကို ငွေကျပ် ၁၀၀ လျှင် အတိုးနှုန်း ၃၄ ပြား ကျသင့်သည်။ ချေးငွေရယူထားသူများက ချေးငွေ ကျပ် ၁၀၀ အပေါ် တစ်လတစ်ကျပ်ခွဲအတိုးဖြင့် မိမိတို့ ချေးရယူထားသော သမအသင်းထံ သီးနှံရာသီအလိုက် ခြောက်လ တစ်ကြိမ် ပြန်လည်ပေးဆပ်ကြရသည်။


ဗဟိုသမဝါယမအသင်း၊ ပြည်နယ်တိုင်းတွင် အသင်းစုချုပ် များ၊ အခြေခံအဆင့်တွင် ကျေးရွာသမဝါယမအသင်းများက ‌ချေးငွေများကို အာမခံသည့်မူဖြင့် တာဝန်ခံထုတ်ချေးရာတွင် စီမံခန့်ခွဲမှု ကုန်ကျစရိတ်များကြောင့် အတိုးနှုန်းပြောင်းလဲရ ခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူလူထုအတွင်း သမဝါယမ စနစ်နှင့် စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်ခြင်း၊ သမဝါယမ အဖွဲ့အစည်းများ တိုးချဲ့ဖြစ်ထွန်းလာရေး ဆောင်ရွက်သွားကြ ရမည်ဖြစ်သည်။


မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးအတွက် သမဝါယမအသင်း၏ အမွန်အမြတ်စိတ်ဓာတ်တို့ဖြင့် လူမှုဘဝနယ်ပယ်တွင် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ခြင်းမှသည် "ကမ္ဘာလောက ပိုမို ကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး" ဆောင်ပုဒ် နှင့်အညီ မြန်မာ့သမဝါယမ ခရီးလမ်းတိုးတက်ကောင်းမွန် အောင်မြင်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ