နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း စေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည် ဇွန် ၂၂ ရက်မှစတင်၍ ၂၄ နာရီ လျှပ်စစ် ဓာတ်အားအပြည့်အဝ ဖြန့်ဖြူးပေးလျက်ရှိသည်။ ဓာတ်အားလိုင်း များ၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်ကောင်းမွန်စေရေး ထိန်းသိမ်း ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင် မြို့နယ်များသို့ ဓာတ်အားပေးထားသော 66 KV ဘုရင့်နောင်- စိန်ပန်းမြိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန်အတွက် 66 KV ဘုရင့်နောင် ဆင်မလိုက်ဓာတ်အားလိုင်း၊ 6.6 KV ဂုန်လျှော်-သီရိမွန် ဓာတ်အား လိုင်းများကို ဇွန် ၃၀ ရက်က ယာယီဓာတ်အားပိတ်၍ သစ်ပင် ခုတ်ထွင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း လှိုင်နှင့် မရမ်းကုန်းမြို့နယ် အတွင်း နေရာအချို့တွင် ဓာတ်အားယာယီပြတ်တောက်ခဲ့ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထား သည်။ 


မိုးရာသီတွင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် ပေါ့ဆမှု၊ စံချိန်မီ လျှပ်စစ် ပစ္စည်း များ၊ အရည်အသွေးမီ အာမခံလျှပ်စစ်ပစ္စည်းများ တပ်ဆင် သုံးစွဲမှု နည်းပါးပြီး အရည်အသွေးမမီ လျှပ်စစ်ပစ္စည်းများ သုံးစွဲခြင်း လည်း ဂရုပြုသင့်သည်။


အိမ်သုံး လျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်၊ မီးပလပ်များကို ရေစိုနေသော ခန္ဓာကိုယ်၊ ရေစိုနေသော အဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်း၊ တမံသလင်းပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ် စီးထားခြင်းမရှိဘဲ၊ လျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်၊ မီးပလပ်များ အား ကိုင်တွယ်အသုံးမပြုခြင်း၊ ပျက်စီးနေသော မီးပလပ်၊ မီး ခလုတ်များ၊ ဆေ့ဖ်ကတ်များ အသုံးမပြုဘဲ အမြန်ဆုံးလဲလှယ် ခြင်းများ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိပြုရမည့်အချက်များဖြစ်သည်။


ရေထဲသို့ လျှပ်စစ်ဓာတ်ကြိုး ပြုတ်ကျနေခြင်း၊ ဓာတ်အား ကြိုးများ လျော့ကျနေခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးများသို့ အချိန်မီဆက်သွယ်အကြောင်းကြား ရန် လိုအပ်သည်။ 


လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေသော လျှပ်စစ်ကြိုးများကို လဲလှယ်ခြင်း၊ လျှပ်စစ် ဒဏ်ခံကြိုးများ သတ်မှတ်သည့်နှုန်းအတိုင်း တပ်ဆင်ရန်နှင့် ခံနိုင်အားထက် ပိုမထည့်သွင်းရန်၊ လျှပ်စစ်မီးဖို၊ မီးပူသုံးစွဲပြီး လျှင် မီးပျက်လျှင်ခလုတ်ပိတ်ပြီးမှ ပလပ်ခေါင်းဖြုတ်ရန် လျှပ်စစ် အန္တရာယ်(ဝါ) ဓာတ်လိုက်မှုအန္တရာယ်မှ ကာကွယ်ရန် တိုက်တွန်း နှိုးဆော်ရပါသည်။      ။






အခြားဆက်စပ်သတင်းများ