နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းရေး

ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သွေးလွန် တုပ်ကွေးကာကွယ်နှိမ်နင်းရေး စီမံချက်များချမှတ်ကာ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ သွေးလွန်တုပ်ကွေး ကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်သည့် အလျောက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ကြ ရန်လိုအပ်သည်။


ခြင်များ ခိုအောင်းနေနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သန့်ရှင်းမှုများ ပြုလုပ်ဆောင်ရွက်ရန် အရေးကြီးသည်။ ယခုကဲ့သို့ရာသီတွင် ခြင်ပေါက်ပွားနှုန်း အားကောင်းခြင်းကြောင့် ရောဂါဖြစ်ပွားမှုနှုန်း အဖြစ်များတတ်သည်။ သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့် ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက် သင့်သည်။


သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါကူးစက်မှုမြန်ဆန်ပြီး ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။


ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍ ပညာရည် မြင့်မားရေးလုပ်ငန်းများကို ပြက္ခဒိန်ရေးဆွဲသတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာကျောင်းများ အလိုက် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောင်းတွင်း၊ ကျောင်းပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ချုံ၊ နွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်းများ ဆောင်ရွက်ကြရာ၊ မိဘများ၊ အသင်းအဖွဲ့များက ပူးပေါင်း ပါဝင် ဆောင်ရွက်ကြသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ ကျန်းမာရေးဌာနသည် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နှိမ်နင်းရေးအတွက် အခြေခံပညာရေးကျောင်းများတွင် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိက်ဆေးခတ်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။


ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ပညာသင်ယူရာ ကျောင်းများ၌ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာ မိမိတို့သင်ခန်းစာ များကို သင်ယူလေ့လာနိုင်ရေးအတွက် ကျောင်းများနှင့် ပတ်ဝန်း ကျင်သန့်ရှင်းရေးမှာ အထူးအရေးပါသည်။


ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုသည် ကျောင်းသား လူငယ်များ၏ ကျန်းမာရေးကိုအထောက်အကူပြုခြင်းကြောင့် လည်း ကျန်းမာရွှင်လန်းသော၊ ကျောင်းသား၊ ကျောင်းသူများက ပညာသင်ယူရေးကို စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွစွာ လုပ်ဆောင်နိုင်ကြမည်ဖြစ်ရာ ကျောင်းအားလုံးတက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ