နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသိဉာဏ်တိုင်းတာသောနောက်ဆုံးပေါ်စနစ်

စိတ်ပညာရှင်များ၏ နောက်ဆုံးသတ်မှတ် ချက်မှာ လူ့အသိဉာဏ်ကို တိုင်းတာသောစနစ် လေးမျိုးအထိရှိလာပြီဟုဆိုပါသည်။ယင်းတို့မှာ-


၁။ အိုင်ကျူ(Intelligence Quotient=IQ)

၂။ အီးကျူ(Emotional Quotient=EQ)

၃။ အက်စ်ကျူ(Social Quotient=SQ)

၄။ အေကျူ(Adversity Quotient=AQ) ဟူ၍ ဖြစ်ပါသည်။


၁။   အိုင်ကျူ(Intelligence Quotient)


အိုင်ကျူဟူ၍ သိရှိထားကြပြီးဖြစ်သော အသိဉာဏ်အဆင့်အတန်းမှာ အမှန်စင်စစ် ကျိုးကြောင်းဆက်စပ်မှု၊ တွေးခေါ်မှုကို တိုင်းတာ ရုံမျှသာဖြစ်သည်။ ဆိုလိုသည်မှာ သင်္ချာပုစ္ဆာများ ကို ဖြေရှင်းနိုင်စွမ်းရှိသည်။ အဖြစ်အပျက်များကို မှတ်မိနိုင်စွမ်းရှိသည်။ အတွေ့အကြုံများမှ               သင်ခန်းစာယူနိုင်စွမ်းရှိသည်တို့ကို တိုင်းတာ ခြင်းဖြစ်သည်။


၂။   အီးကျူ(Emotional Quotient)


အီးကျူမှာ လူအများနှင့်နေထိုင်ဆက်သွယ် မှုအဆင့်ကို တိုင်းတာခြင်းဖြစ်သည်။ လူအများ နှင့်ဆက်ဆံသည့်အခါ မည်မျှအဆင်ပြေသနည်း၊ မည်မျှရိုးသားမှုရှိသနည်း၊ တာဝန်ယူမှု၊ တာဝန်ခံ မှု ရှိပါသလား၊ လူသားအချင်းချင်းလေးစား တန်ဖိုးထားပါသလား၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံနိုင်ပါသလား၊ အခြားသူ၏ ပုဂ္ဂိုလ်ရေးကိစ္စများကို လေးစားထိန်းသိမ်းပြီး ကိုယ်ချင်းစာနာတွေးခေါ်ပေးနိုင်ပါသလား စသည် များကို တိုင်းတာသည့်အဆင့်ဖြစ်ပါသည်။


၃။   အက်စ်ကျူ(Social Quotient)


အက်စ်ကျူမှာ မိမိ၏ မိတ်ဆွေ၊ အပေါင်း အသင်း၊ သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုးများကြား တွင် မည်မျှအထိ အချိန်ကြာကြာရင်းနှီးဆက် သွယ်မှုများကို ထိန်းသိမ်းထားနိုင်သနည်း၊ မည်သည့်အတိုင်းအတာအထိ အသိုင်းအဝိုင်းနှင့် ပေါင်းသင်းဆက်ဆံရေးကွန်ယက်ကျယ်ပြန့် သနည်း စသည်တို့ကို တိုင်းတာသောစနစ်ဖြစ် ပါသည်။


၄။   အေကျူ(Adversity Quotient)


အေကျူမှာ လူ့ဘဝသက်တမ်းတစ်လျှောက် တွင် အခက်အခဲ၊ ဒုက္ခဘေးဆိုး၊ ဘေးအန္တရာယ် များကို ဒူပေနာပေခံနိုင်မှု၊ ဒဏ်ခံနိုင်မှုစွမ်းရည် အဆင့်ကို တိုင်းတာသော စနစ်ဖြစ်သည်။ W. Hidayat ကမူ အေကျူမှာ ကျောင်းသားများ ဂဏန်းသင်္ချာကို နားလည်နိုင်စွမ်းရှိမှုပေါ်တွင် လည်း အကျိုးသက်ရောက်မှုရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် အေကျူမှာ ဒူပေနာပေခံနိုင်မှု၊ ဒဏ်ခံနိုင်မှု သိပ္ပံပညာဖြစ်သည်ဟု ယေဘုယျ အားဖြင့် သိရှိကြပါသည်။ အခက်အခဲများကို အခွင့်အလမ်းများအဖြစ်ပြောင်းလဲ လိုက်ခြင်း ဖြစ်ပါသည်။ အေကျူအတိုင်းအတာပမာဏ ကိုတိုင်းတာ ရန် Steltz ခေါ် ပညာရှင်က ဒဏ်ခံ တုံ့ပြန်မှုလေ့လာချက် (Adversity Response Profile=ARP)ဟူသော အကဲဖြတ်သည့် နည်းလမ်း တစ်ခုကို တီထွင်ခဲ့ပါသည်။ အေကျူ(AQ)ဟူသော ဝေါဟာရကို ပညာရှင် Paul Stott က(Adversity Quotient) ဟူသော သူရေးသားသည့် စာအုပ်တွင် တီထွင်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။


အေကျူ(AQ)မှာ လူတစ်ဦး၏ ဘဝတွင် အောင်မြင်မှုရရှိရန် ဖြစ်နိုင်ခြေရှိသော အချက်ပြ အညွှန်းများအနက် တစ်ခုဖြစ်ပြီးလျှင် လူ့သဘော ထား၊ စိတ်ဖိ စီးမှု၊ ဇွဲရှိမှု၊ အသက်ရှည်မှု၊ သင်ယူမှု ပတ်ဝန်းကျင် အပြောင်းအလဲများကို တုံ့ပြန်မှု များအား ကြိုတင်ဟောကိန်း ထုတ်ရန်လည်း အခြေခံအားဖြင့် အသုံးတည့်ပါသည်။


ဝေဖန်သုံးသပ်ချက်အချို့တွင် ဖော်ပြထား သည်ကို တွေ့ရှိရသည်မှာ ဘဝကို အောင်မြင်စွာ ဖြတ်သန်းပြီး အများထက်ပိုသော ထိပ်ဆုံးနေရာ ရောက်ရှိသူများသည် ဒုတိယနှင့် တတိယဖြစ် သော အီးကျူ(EQ)နှင့် အက်စ်ကျူ (SQ)အဆင့် မြင့်သူတွေသာ ဖြစ်ကြသည်ဟုဆိုသည်။ အိုင်ကျူ (IQ)မြင့်သူများ မဟုတ်ဘဲ၊ သူတို့၏ အိုင်ကျူ(IQ)မှာ ပုံမှန်သာဖြစ်သည်ဟု ဆိုပါသည်။


ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သော ခေတ်မီနိုင်ငံကြီး များမှာပင်လျှင် စာသင်ကျောင်းများမှာ အိုင်ကျူ အဆင့်မြင့်မားအောင် ပြုလုပ်ပေးသည့် သင်ကြား နည်းများသာ များပြားနေပြီး အီးကျူ(EQ)နှင့် အက်စ်ကျူ(SQ)အဆင့်တိုးတက်အောင် ပြလုပ် ပေးသည့် သင်ရိုးညွှန်းတမ်းပြဌာန်းချက်၊ ပရိုဂရမ် များနည်းပါနေဆဲပင်ဖြစ်သည်ဟု ဆိုပါသည်။


စတုတ္တဖြစ်သော အေကျူ(AQ)အဆင့်မြင့်မား မှုရှိသူမှာ ဘဝတွင်ပို၍ ကျန်းမာပျော်ရွှင်စွာနေနိုင် မည်ဖြစ်ပြီး စိတ်ဖီးစီးမှုသာမက သဘာဝပတ်ဝန်း  ကျင်အပြောင်းအလဲများကိုပါ ဒဏ်ခံနိုင်ပြီး အသက် ရှည်ရှည်နေနိုင်စွမ်းရှိမည်ဖြစ်ပါသတည်း။

ဇာနည်ကို






အခြားဆက်စပ်သတင်းများ