နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများ လျော့နည်းစေရေး

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွားသေူဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပွားသေဆုံးမှုများမှာ အရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နှင့်         ဖြစ်ပွားသေဆုံးမှုနှုန်းအများဆုံးတွင် ပါဝင်သည်။


မြန်မာနိုင်ငံလူဦးရေတစ်ဝက်ကျော်သည် ကူးစက်မှုအန္တရာယ် ရှိသည့် ဒေသများတွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံအမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ငှက်ဖျား ရောဂါဖြစ်ပွားသေဆုံးမှုနှုန်းထက်ဝက်လျှော့ချရေး ရည်မှန်းချက် ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့သည်။


ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၊အပြည်  ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံလူမှုရေးအစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်        အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်။


ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် The Global Fund မှအကြီးတန်းစီမံခန့်ခွဲရေး မန်နေဂျာ ဦးဆောင်သောအဖွဲ့အား ဇွန် ၂ရက်က နေပြည်တော်ရှိ  ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံပြီး ခုခံကျ ၊ ကာလ သားရောဂါစစ်ဆေးကုသခြင်း၊ ဆေးယဉ်ပါး တီဘီရောဂါကုသခြင်း၊ ငှက်ဖျားရောဂါရှာဖွေကုသခြင်းလုပ်ငန်းပြန်လည်မြှင့်တင် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စများ၊ အဆိုပါရောဂါများ ကုသနိုင် ရေး လိုအပ်သည့် ဆေးဝါးများ၊ အထောက်အကူပြုပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ကျန်းမာရေးဝန် ကြီးဌာနက စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ အဆိုပါ ရောဂါများ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဆက်လက်ကူညီပံ့ပိုးနိုင်ရန် ကိစ္စရပ်များ၊ The Global Fund အဖွဲ့ နှင့် ကျန်းမာရေးဝန်ကြီးဌာနအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးကြသည်။


ကျန်းမာရေးဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများ ဖြစ်ပွားမှုကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွေး လွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးစီမံချက်များ ချမှတ်ကာ အချိန် နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိသည်။


သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်သည့်အလျောက် ဖုံး၊ သွန်၊ လဲ၊စစ် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ကြရန် လိုအပ်သည်။ ခြင်များခိုအောင်းနေနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သန့်ရှင်းမှုများ ပြုလုပ်ဆောင်ရွက်ရန်အရေးကြီး သည်။ သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့် ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက်ပူးပေါင်းပါဝင် စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ