နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်းသိုမြို့နယ် ကြိမ်ချောင်းကျေးရွာ၌ မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းစတင်ဆောင်ရွက်မည်

ဝန်းသို ဧပြီ ၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကြိမ်ချောင်းအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၌ မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကျပ် သိန်း ၂၅၀ ဖြင့် ဝက်မွေးမြူရေး၊ နွားမွေးမြူရေးစသည့် မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၃ ရက်၊ နံနက် ၁၀ နာရီက ဒေါင်းမြူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ကြပြီး ကြိမ်ချောင်းကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံသို့ မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာထူထောင်ခြင်းအတွက် အရင်း မပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၂၅၀ ကို တာဝန်ရှိသူများကလွှဲပြောင်းပေးအပ်ခဲ့စဉ်။ ကျော်မြိုင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ