နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်

ယနေ့အချိန်အခါတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် မြစ်ကမ်း နံဘေးတွင် နေထိုင်သောဒေသများတွင် မြစ်ရေများမြင့်တက်လာ လျက်ရှိသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဧရာဝတီမြစ်တွင် ရေတက်လာနိုင်ကြောင်း သတိပေးထုတ်ပြန် ထားသည်။


ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ တစ်စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း ယင်းမြို့၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ဇွန် ၂၁ ရက်က ထုတ်ပြန် ထားသည်။ ဗန်းမော်မြို့တွင်လည်း ဧရာဝတီမြစ်ရေမြင့်တက်လာ မှုကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များမြစ်ရေဝင်ရောက်ပြီး နေအိမ်များ ရေကြီးနစ်မြှုပ်လျက်ရှိသည်။ ဗန်းမော်မြို့၏ စိုးရိမ်ရေ မှတ်၁၁၅၀ စင်တီမီတာဖြစ်ပြီး ဇွန် ၂၁ ရက်တိုင်းတာချက်မှာ ၁၁၁၂ စင်တီမီတာဖြစ်သည်။


ရေနစ်မြုပ်နေအိမ်များမှ ရေဘေးသင့်ပြည်သူများ ရေဘေး သင့်ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်သူများကို ဇွန် ၂၀ ရက် နံနက်ပိုင်းက နယ်မြေခံတပ်မမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဦးစီးဌာနက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ကြသည်။


ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်း မြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် နှစ်ပေမှ လေးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း အသိပေးထားသည်။


နှစ်စဉ်ကြုံတွေ့ရသည့် မြစ်ရေကြီးခြင်းကို တားဆီး၍ မရနိုင်  သော်လည်း ဘေးအန္တရာယ်များ၏ သက်ရောက်မှုကြောင့်ထိခိုက် ဆုံးရှုံးမှုများမှ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင် ကာကွယ်ရေး၊ ဘေးလျော့ပါးရေးတို့ဖြင့် စီမံခန့်ခွဲကြရာ ကြိုတင် ပြင်ဆင်မှု အားကောင်းနိုင်စေရေးအတွက် မိုးလေဝသနှင့်ဇလဗေဒ ဌာနမှ အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်များထုတ်ပြန် ပေးလျက်ရှိသည်။


သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်သတိပေးခြင်း သည် ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေ  လျှော့ချခြင်း၊ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့်ကြိုတင်ပြင်ထားခြင်းဖြင့် ထိခိုက် မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည် ဖြစ်သည်ဟု ဆိုချင်ပါကြောင်း






အခြားဆက်စပ်သတင်းများ