နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံတစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ်မူကြမ်းနှင့်ပတ်သက်၍ ပျူခေတ်သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်

ရန်ကုန် ၊   ဇွန်  ၂၁


သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုသည်၊ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ပိုင်းတွင် ‌‌ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်) တွင် ပြုလုပ်သော၊ မြန်မာနိုင်ငံ ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်၊ ပြုစုပြီး မူကြမ်း နှင့်ပတ်သက်၍၊ ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြော ကြားသည်။


ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ကျော်ဦးလွင် က ဆွေးနွေးပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး၊ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က၊ ဆွေးနွေးပွဲနှင့် ပတ်သက်၍ တင်ပြသည်။ 


ဆက်လက်၍ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်သမိုင်းမှ ပျူခေတ် ကာလ သမိုင်းစဉ်မူကြမ်းကို၊ မြန်မာ့သမိုင်းအဖွဲ့၊ ပညာရှင် များက မူကြမ်းဖတ်ကြားခြင်း နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက နောက်ဆုံးသုတေသနပြုတွေ့ရှိ ချက်များ၊ နိုင်ငံတကာဓာတ်ခွဲ ခန်းများက ဓာတ်ခွဲတွေ့ရှိချက် များ၊သက်တမ်းတွက်ချက်မှုများ ဖြည့်စွက်တင်ပြကြသည်။


ထို့နောက် မြန်မာသမိုင်း အဖွဲ့၊ အဖွဲ့ဝင်ဦးသိန်းလှိုင်က "ပျူခေတ်ကာလသမိုင်းစဉ်” မူကြမ်းကို ဖတ်ကြားဆွေးနွေး သည်။


ယင်းနောက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယခု ဆွေးနွေးပွဲတွင် မြန်မာ့သမိုင်း အဖွဲ့ဝင် ပညာရှင်ကြီးများက သမိုင်းခေတ်ကာလအလိုက် တာဝန်ယူပြုစုရေးသားမှုများ နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သုတေသနပြုတွေ့ရှိချက်များ ကို ပေါင်းစပ်ဖြည့်စွက်ပြီး Documentary ရိုက်ကူး မှတ်တမ်းတင်နိုင်သည်အထိပါ လျာထားဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။ 


မွန်းလွဲပိုင်းတွင် ပျုခေတ် ကာလသမိုင်းစဉ် (မူကြမ်း) ကို၊ဆက်လက်ဆွေးနွေးကြရာ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက နောက်ဆုံးသုတေသနပြုတွေ့ရှိ ချက်များ၊ နိုင်ငံတကာဓာတ်ခွဲ ခန်းများက ဓာတ်ခွဲတွေ့ရှိချက် များ၊ သက်တမ်းတွက်ချက်မှုများ ကို ဖြည့်စွက်တင်ပြဆွေးနွေးကြ သည်။


မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျု ခေတ်ကာလ သမိုင်းစဉ်ဆွေးနွေး ပွဲကို၊ ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ စုစုပေါင်းသုံးရက် ကျင်းပမည် ဖြစ်ပြီး၊ ဆွေးနွေးဖြည့်စွက်ချက် များကို ပြန်လည်ပြင်ဆင်၍ ဒုတိယအကြိမ် ထပ်မံဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်း သိရ သည်။

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ