နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုကိုးကျွန်းတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးပြုလုပ်

ရန်ကုန် ဇွန် ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အတွင်း ခြင် ပေါက်ပွားမှုနှင့် သွေးလွန်တုပ် ကွေးရောဂါမဖြစ်ပေါ်စေရန် အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တာဝန်ရှိသူများ က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။


ကိုကိုကျွန်းမြို့နယ် ကျန်း မာရေးဦးစီးဌာနက ဒေါက်တာ ဒေါ်မို့မို့ကျော် ဦးဆောင်၍ ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က မြို့အတွင်းအိမ်တိုင်း လှည့် လည်၍၊ ရေတွင်း၊ ရေကန်၊ ရေပုံးများကို အဘိက်ပိုးသတ် ဆေးဖျန်းခြင်းများပြုလုပ်ခြင်း၊ အသိပညာပေးခြင်းများကို ပြု လုပ်ကြသည်။


ထို့ပြင် မိုးတွင်းကာလတွင် ဖြစ်ပေါ်တတ်သောအခြားရောဂါ လဏ္ခာများမဖြစ်ပေါ်စေရန် ခြင် ဆေးဖျန်းခြင်းနှင့် ရေတွင်း၊ ရေ ကန်များတွင် အဘိက်ပိုးသတ် ဆေးများဖျန်းပေးခြင်း လုပ်ငန်း များကို အပတ်စဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရ သည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ