နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာတူညီမျှသမဝါယမ

မြန်မာနိုင်ငံတွင် သမဝါယမစနစ်ကို ၁၉ ရာစုနှစ် အစဦးပိုင်း ၌ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှ စတင်ခဲ့သည်။ နှစ်ပေါင်း ၁၀၀ ကျော်ပြည်သူလူထု၏ အကျိုးကို တတ်ကျွမ်းသမျှ သမဝါယမ စနစ်ဖြင့် ဆောင်ရွက်ခဲ့ပေသည်။ သမဝါယမစနစ်သည် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် ခဲ့ကြသည်။


သမဝါယမစနစ်၏ အနှစ်သာရမှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲ ခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်း တို့ဖြစ်သည်။ သမဝါယမစနစ်သည် ရေရှည်ဖွံ့ဖြိုးပြီး လူမှုစီးပွား ဘဝမြှင့်တင်နိုင်မည့် စနစ်ပင်ဖြစ်သည်။


နိုင်ငံတော်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွား ဘဝမြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ အတွက် ကျေးလက်ဒေသနေ ပြည်သူများနှင့် မြို့ပြနေအခြေခံပြည် သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ဆင်းရဲနွမ်းပါးသူများသည် စားရေး၊ဝတ်ရေး၊ နေရေးမကြောင့် ကြရန်လိုအပ်သည်။ အလုပ်အကိုင်ရရှိရေးသည် အဓိကကျသည်။ မိသားစုဝင်ငွေရှိမှ သား သမီးများကို ပညာသင်ကြားနိုင်မည်ဖြစ် သည်။ တစ်ဦးချင်းအလုပ်ကြိုးစားလုပ်ကြရန် လိုအပ်ရာ မိမိဘဝ တိုးတက်အောင် ဆင်းရဲတွင်းက လွတ်ကင်းအောင် စွမ်းဆောင်ကြ ရမည်ဖြစ်သည်။


၂၀၂၂ ခုနှစ် ဇူလိုင် ၂ ရက်တွင် ကျရောက်မည့် နှစ် ၁၀၀ ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာမှ သမဝါယမ အသင်းသူ၊  အသင်းသားများအတွက်  လိုအပ်လျက်ရှိသည့် လယ်ယာသုံး  စက်ကိရိယာများကို  နိုင်ငံတော်အစိုးရမှ  ၅၀ ရာခိုင်နှုန်း ထောက်ပံ့၍ ဝယ်ယူသည့် အသင်းသား၊ အသင်းသူများမှ ၅၀ ရာခိုင်နှုန်းသာ ပေးချေရသည့် အရစ်ကျစနစ်ဖြင့် ရောင်းချသည့် လယ်ယာသုံးစက်ကိရိယာများ ပေးအပ်ခြင်းကို ဇွန် ၂၀ ရက်က ပြည်နယ် သမဝါယမ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။ ယင်း အရစ်ကျစနစ်ဖြင့် ဝယ်ယူမှုတွင် နိုင်ငံတော်အစိုးရက ၅၀ ရာခိုင် နှုန်း၊ သမဝါယမ အသင်းသူ၊ အသင်းသားများက ကျန် ၅၀ ရာခိုင် နှုန်းကို အရစ်ကျစနစ်ခြောက်လတစ်ကြိမ် လေးရစ်ဖြင့် နှစ်နှစ်တာ ကာလအတွင်း ပေးချေရမည်ဖြစ်သည်။


အောင်မြင်သော သမဝါယမစနစ်ကို ထူ‌ထောင်၍ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရာတွင် သာတူညီမျှ သမဝါယမစနစ်က လက်တွေ့ကျသော မှန်ကန်သည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း။






အခြားဆက်စပ်သတင်းများ