နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်သမ္မတ ဒူတာတေး သမီး ဒု-သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

မနီလာ၊ ဇွန် ၂၁


 ဖိလစ်ပိုင် သမ္မတ ဒူတာတေး၏သမီး ဖြစ်သူ ဆာရာဒူတာတေးသည်နိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန် ဆိုလိုက်ပြီ ဖြစ်သည်။


ရာထူးသက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည့် ဖခင်ဖြစ်သူ သမ္မတဒူတာတေး ဆင်နွှဲခဲ့သော မူးယစ်ဆေးဝါး တိုက်ဖျက် ရေးစစ်ပွဲတွင် သံသယရှိသူအများအပြား ပစ်သတ်ခံရခြင်းကြောင့် လူ့အခွင့်အရေး ပြဿနာများရှိသော်လည်း ဆာရာဒူ တာတေးသည် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရပြီး ဒုတိယ သမ္မတ ဖြစ်လာခြင်း ဖြစ်သည်။


တောင်ပိုင်း   ဇာတိမြို့ဖြစ်သော ဒါဘာအိုတွင် ကျင်းပသည့် ထိုကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဖိလစ်ပိုင် ဖွဲ့စည်းပုံအရ ကျင်းပပြီး လာမည့် ဇွန် ၃၀ ရက်တွင် ရာထူးလွှဲပြောင်းလက်ခံခြင်းများ ပြုလုပ် မည်ဖြစ်သည်။ 


ဆာရာ ဒူတာတေးသည် ဒါဘာအို ဆိပ်ကမ်းမြို့၏ လက်ရှိမြို့တော်ဝန် ဖြစ်ပြီး မိသားစုသည် သာမန်လူလတ် တန်းစားမှ ဆင်းသက်လာသော်လည်း ကွန်မြူနစ်သူပုန်များ၊ မူဆလင်ပုန်ကန် မှုနှင့် အကြမ်းဖက်နိုင်ငံရေး အားပြိုင် ခြင်းများကြောင့် ဒုက္ခရောက်နေသော ထိုဒေသတွင် ကြီးမားသော နိုင်ငံရေး မျိုးဆက်ကို ထူထောင်ထားနိုင်ခြင်း ဖြစ်သည်။              (ref:AP)






အခြားဆက်စပ်သတင်းများ