ကျွန်းလှ၊ ဇွန် ၂၀
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျွန်းလှမြို့နယ်တွင် ၂၄၉ ဦးဖြေဆိုခဲ့ရာ ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာ ၁၃ ဦး၊ နှစ်ဘာသာ ၂၉ ဦး၊ တစ်ဘာသာ ၄၀ ဦးအပါအဝင် စုစုပေါင်း ၂၄၉ ဦးအောင်မြင်ခဲ့ ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၆ ဒသမ ၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာ တွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ အထက(သစ်ရာမြိုင်)ကျောင်းက ခြောက်ဘာသာ ဂုဏ်ထူးရှင် မငြိမ်းမို့မို့ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။
မေး ။ ။သမီးအနေနဲ့ ခြောက်ဘာသာ ဂုဏ်ထူးရရှိအောင် ပြင်ဆင်ကြိုးစားခဲ့ပုံကို ပြော ပေးပါ။
ဖြေ ။ ။သမီးက နဝမတန်း ဖြေဆိုပြီးချိန် ကစပြီး၊ ကျက်စာတွေကို ကျက်ခဲ့ပါတယ်။ကျောင်း ပိတ်ချိန်မှာ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ပညာရေးသင်ခန်းစာတွေကိုလည်း လေ့လာခဲ့ပါ တယ်။ ကျောင်းစဖွင့်တော့လည်း ဆရာ၊ ဆရာမ တွေ နေ့စဉ်သင်ကြားတဲ့ သင်ခန်းစာတွေကို အာရုံစူးစိုက်နားထောင်ပြီး ပုံမှန်ကျက်မှတ်ခဲ့ပါ တယ်။
မေး ။ ။အခုလို အောင်မြင်ပြီး မြန်မာ တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံး ရရှိတဲ့အတွက် သမီးရဲ့ရင်ထဲက ခံစားမှုကို ရှင်းပြပေးပါအုံး။
ဖြေ ။ ။သမီး ခြောက်ဘာသာ ဂုဏ်ထူးနဲ့ မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲမှာ အမှတ် အများဆုံးရရှိတဲ့အတွက် ပြောမပြနိုင်လောက် အောင် ဝမ်းသာပါတယ်။ ဆရာ၊ ဆရာမတွေ၊ အဘိုးအဘွားတွေ၊ မိခင်နဲ့ဆွေမျိုးတွေလည်း ဝမ်းသာနေကြပါတယ်။ သမီးကို ငယ်စဉ်ကတည်း က ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိခင်နဲ့ ဂုဏ်ထူးရအောင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ဦးတင်ကန်တော့ပြီး အထူး ကျေးဇူးတင်ရှိပါတယ်။
မေး ။ ။တက္ကသိုလ်ဝင် စာမေးပွဲမှာ အခုလိုအမှတ် ကောင်းစွာနဲ့ အောင်မြင်တဲ့ အတွက် သမီးရဲ့ရည်မှန်း ချက်ကို သိပါရစေ။
ဖြေ ။ ။ သမီးကတော့ နိုင်ငံတော်အတွက် ထူးချွန် ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မွေးထုတ် ပေးမယ့် ပညာရေး တက္ကသိုလ်ဆက်တက်ဖို့ ရည် ရွယ်ထားပြီး ပါရဂူဘွဲ့ (ph.D) ရယူဖို့အထိ မျှောမှန်းထားပါ တယ်။
မေး ။ ။သမီး အနေနဲ့ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေကို အကြံပြုချက် တိုက်တွန်းချက်လေး ပြောပေး စေလိုပါတယ်။
ဖြေ ။ ။သမီးလို ဆရာ၊ ဆရာမများရဲ့ သင်ကြားမှုကို ဂရုတစိုက် လေ့လာကျက်မှတ် ဖို့နဲ့ မိဘများရဲ့ ဆိုဆုံးမမှုကို နားထောင်ကြပြီး မိမိတို့ တက်လှမ်းလိုတဲ့ ပန်းတိုင် ရောက်အောင် ကြိုးစားကြပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်။
မျိုးဝင်းညို၊ ဇင်ဇင်အောင်