နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေး

သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းနှင့် မြန်မာနိုင်ငံပြင်ပရှိ နိုင်ငံများတွင် အင်အားအသင့်အတင့်ရှိ မြေငလျင်များနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။


မြန်မာနိုင်ငံအတွင်း တည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာ မြေငလျင်နှင့် ဘူမိဗေဒပညာရှင်များ သိရှိစိတ်ဝင် စားကြသော မိုင် ၆၀၀ ကျော် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ ကြောသည် မြန်မာနိုင်ငံအလယ်မှဖြတ်၍ တောင်မြောက်တန်း လျက် အနေအထားဖြင့် တည်ရှိနေသည်။


မြေငလျင်လှုပ်ရှားခြင်းသည် ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်ပြီး ငလျင်ဒဏ်ကြီးမားသော ပျက်စီးဆုံး ရှုံးမှုများတတ်ပေသည်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာများ စွာ ဖြစ်ပေါ်တတ်ပေသည်။ ရန်ကုန်မြို့သည် ဘေးအန္တရာယ် အမျိုးမျိုး(ဥပမာ-ငလျင်လှုပ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ အပူပိုင်း မုန်တိုင်းတိုက်ခတ်ခြင်း၊ မြစ်ကမ်းပါးပြိုခြင်းနှင့် မီးလောင်ခြင်း တို့နှင့် ကြုံတွေ့နိုင်ပါသည်။


ထိုဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်နိုင်ရန် ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ အစီအမံများ အလွန်အရေးကြီးသည်။ သဘာဝ ဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက် ရေးကို အဟန့်အတားဖြစ်စေသည့် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ် သည်။ ထို့ကြောင့် သဘာဝ‌ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်း များကို ကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်း ဒေသကြီး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်အထိ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ကော်မတီများဖွဲ့စည်းကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။


သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့်ဆူနာမီ ရေလှိုင်းတို့ကဲ့သို့ သဘာဝဘေးများ ကို ကြိုတင်ခန့်မှန်းတွက်ချက် နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါးအောင် ကာကွယ် နိုင်မည်ဖြစ်ပေသည်။ မြေငလျင်လှုပ်ရှားမှုကို ကြို တင်ခန့်မှန်း မရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင် ဆင်မှုများ ဆောင်ရွက်ထားရပါမည်။


နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်ငလျင် ဘေးအန္တရာယ်သဏ္ဍာန်တူလေ့ကျင့်မှုကို ဇွန် ၁၇ ရက်က ဇမ္ဗူ သီရိမြို့နယ် သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည်။


စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေသည့်အတွက် မည်သည်အချိန်နေရာတွင် ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းမရ သည့်အတွက် အခြားဘေးများထက် ငလျင်ဘေးအန္တရာယ်က ပိုမိုအလေးထားဆောင်ရွက်ရမည့် ဘေးအန္တရာယ်တစ်ခုဖြစ်ရာ ပြည်သူ အားလုံး၊ အသိ၊ သတိနှင့် ကြိုတင်ကာကွယ်ရန် အသိ ပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်စေချင် ကြောင်း ။






အခြားဆက်စပ်သတင်းများ