နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရောဂါကာကွယ်တိုးမြှင့်ရေးကာလတွင် တရားဥပဒေစိုးမိုးရေးပိုမိုတိုးမြှင့်ရန်လိုအပ်

ရန်ကုန် ၊ ဧပြီ ၄ ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံသို့သက်ရောက်မှုကြုံတွေ့နေရချိန်၌ ရန်ကုန်မြို့ရှိမြို့နယ်များတွင်လူဦးရေအများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်မှုကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မည့် တရားဥပဒေစိုးမိုးရေးပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်နေကြောင်း သိရသည်။ မြို့နယ်အတွင်းရပ်ကွက်ပေါင်း ၂၀ နှင့်ကျေးရွာအုပ်စုပေါင်း ကိုးအုပ်စုတွင် လူဦးရေနေထိုင်မှု များသောရပ်ကွက်များဖြစ်ပြီး ပြောင်းရွေ့နေထိုင်မှုများသောကြောင့် အဆောင်များလည်း ပေါများရာကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို နိုင်ငံ‌တော်မှနိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ရန် ကြိုးပမ်းဖော်ဆောင် ချိန်တွင် လူမျိုးစုံဝင်ထွက်လျက်ရှိသော ဘိလိယက်ခုံများနှင့် ချဲထီလောင်းကစားရောင်းချသော နေအိမ် များကို ရောဂါထိန်းချုပ်ရေးကာလအတွင်း တရားဥပဒေစိုးမိုးမှုတိုးမြှင့်ရန် ရပ်ကွက်ပြည်သူတို့ ကလိုလား လျက်ရှိကြောင်းသိရသည်။ “ဘိလိယက်ခုံက နေ့ပိုင်းလည်းဆူညံ ညပိုင်းလည်းတစ်ညလုံးဆိုတော့ ပြည်သူတွေစိုးရိမ်နေရတဲ့ အချိန်မှာတော့ ရပ်ထားသင့်တယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေပိတ်ထားသလိုငွေကြေးနဲ့ကစားတဲ့ ဘိလိယက်ခုံလည်းပိတ်ထားရမှာ။ ကျုးကျော်တဲ့ကလာတဲ့ လူစိမ်းတွေ၊ အခြားရပ်ကွက်ကလာတဲ့ မျက်နှာ စိမ်းတွေ ဘိလိယက်ခုံဖွင့်ထားရင်လာနေမှာပဲ။ ရောဂါကိုချက်ချင်းမမြင်ရလို့ လူပေါင်းစုံဝင်ထွက်နေတဲ့ ချဲ ထီလောင်းကစား အိမ်တွေလည်းနားထားသင့်တယ်။ တရားဥပဒေစိုးမိုးမှုကိုတိုးမြှင့်ဆောင်ရွက်တာဟာ ပြည်သူတွေ စိုးရိမ်စိတ်ကိုလျော့ကျစေပါတယ်”ဟု အမှတ် (၇)ရပ်ကွက် ဦးပုညလမ်းမှဦးမြင့် ရွှေက ပြောသည်။ ရပ်ကွက်အချို့ရှိဘီယာဆိုင်၊ အရက်ဆိုင်အချို့နားလည်မှုဖြင့် ဖွင့်လှစ်ရောင်းချမှုများရှိသည့် နည်းတူ ညွှန်ကြားချက်အတိုင်း လိုက်နာသောဆိုင်များလည်းရှိရာလိုက်နာမှုအားနည်းပြီး လူစုလူဝေးများသော တရားမဝင် ဖွင့်လှစ်ထားသည့် ဘိလိယက်ခုံများနှင့်တရားဝင်ခွင့်ပြုထားသည့်ပမာ ရောင်းချလျက်ရှိသည့် ချဲထီလောင်းကစားများကိုလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါသက်ရောက်မှု ကြုံတွေ့နေရသောကာလ၌ ရပ်နားနိုင်ရန် လှိုင်သာယာမြို့နယ်တွင် တရားဥပဒေစိုးမိုးမှုပိုမိုတိုးမြှင့်ရန်လိုအပ်လျက်ရှိကြောင်း သိရသည်။ (၁၁၂)






အခြားဆက်စပ်သတင်းများ