နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိဒ်ကွင်းလယ်လူ ကိဗင်ဖိလစ်က မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိ

ဇွန်   ၁၇


ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းက အင်္ဂလန်အသင်းနှင့်အတူ ခြေ စွမ်းပြနိုင်ခဲ့ပြီးနောက် အသင်း ကြီးများ၏ စိတ်ဝင်စားခြင်းခံ ခဲ့ရသည့် ကွင်းလယ်လူကိဗင် ဖိလစ်သည် မန်ယူအသင်း ခေါ်ယူရန် ကမ်းလှမ်းခဲ့စဉ်က လိဒ်ယူနိုက်တက်အတွက် သစ္စာ ရှိစွာ ကစားပေးချင်သည်ဟု ဆိုပြီး ငြင်းပယ်ခဲ့သော်လည်း လက်ရှိအချိန်တွင် မန်စီးတီး အသင်းကို ပြောင်းရွှေ့ရန်ဆန္ဒ ရှိနေကြောင်း အသင်းတာဝန် ရှိသူများထံ အသိပေးမှုပြုလုပ် ခဲ့သည်။ မန်စီးတီးသည်အသင်း ခေါင်းဆောင် ဖာနန်ဒက်ဟို၏ နေရာကို အစားထိုးရန်အတွက် ကွင်းလယ် အဖျက်ကစားနိုင် သည့် ကိဗင်ဖိလစ်ကို ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။ 


အသက် ၂၆ နှစ်သာရှိသေး သည့် ကိဗင်ဖိလစ်ကို  မန်စီးတီး နည်းပြ ဂွါဒီယိုလာကလည်း အသင်း၏ ကွင်းလယ်ပိုင်း အတွက် စိတ်ဝင်စားနေသည်။ မန်စီးတီးအသင်း၏ ကွင်းလယ် အဖျက်နေရာတွင် ရိုဒရီရှိနေ သော်လည်း အရန်ကစားသမား အဖြစ် ကိဗင်ဖိလစ်ကို ခေါ်ယူ ချင်နေခြင်းဖြစ်သည်။ 


Football Insider ၏ ဖော်ပြချက်အရ ကိဗင်ဖိလစ် ကိုယ်တိုင်ကလည်း မန်စီးတီး ကို ပြောင်းရွှေ့ရန်အတွက် အလို ရှိနေခြင်းကြောင့် ရက်ပိုင်း အတွင်းမှာ အပြောင်း အရွှေ့ဖြစ် မြောက်နိုင်ဖွယ်ရှိကြောင်း သိ ရသည်။ 

(သူရိန်)






အခြားဆက်စပ်သတင်းများ