နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စေတနာ့ဝန်ထမ်းလူငယ်များ ကြိုးပမ်းစွမ်းဆောင်

သဘာဝဘေးကို   ကြိုတင်တွက်ဆ၍   ကာကွယ်ရေး၊ စောင့်ရှောက်ရေးအစီအမံများ၊ စနစ်တကျ ပြုလုပ်ပေးနိုင်ရန် သဘာဝဘေးကျရောက်ခြင်းမှ ကယ်ဆယ်ရေးနှင့် ကူညီ စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ ဆောင်ရွက် ပေးနိုင်မည့် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သည်။


သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်ရန် ဆပ်ကော်မတီများ ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်သည်။


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနသည်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်းများ ကို မြို့နယ်များတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူငယ်၊ လူရွယ်များအားလုံး ဆောင်ရွက်ခွင့်ရရှိ သော ရပ်ကွက်၊ ကျေးရွာအခြေပြုနည်းလမ်းများဖြင့် လူမှု စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


သင်တန်းများတွင် လူမှုဝန်ထမ်းနည်းစနစ်များ၊ ရပ်ရွာအခြေပြု ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ် ကြီးကြပ်ရေးလုပ်ငန်းနှင့် တာဝန်များ၊ လူငယ်ထုနှင့် ရပ်ရွာ လူမှုရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ လူငယ်များနှင့် ဆက်စပ်သည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးလျက်ရှိသည်။ အထူးသဖြင့် သဘာဝဘေး နှစ်စဉ်ကြုံတွေ့နေရ သော မြစ်ကမ်းနားအနီး မြို့နယ်များတွင် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိသည်။


သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက တုံ့ပြန်နိုင်သော       စွမ်းအားစုတစ်ရပ်အနေဖြင့်သော်လည်းကောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဆောင်ရွက် နိုင်သော လူငယ်များ အမြဲအဆင်သင့်ဖြစ်စေရန် ရည်ရွယ်သင်တန်း  ဖွင့်လှစ်ရခြင်းဖြစ်သည်။


သဘာဝဘေးအန္တရာယ် လျော့ပါးရေးတွင် ရပ်ရွာလူထု စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့်စွမ်းအားစုများ တိုးတက် မြင့်မားစေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ