နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသာယာရေး စနစ်တကျ

အမှိုက် စွန့်စေချင် 


ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းကာနေကောင်းထိုင်သာရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့်အသိကို လူတိုင်း ဂရုပြုကြမှာ အမှန်ပင်ဖြစ်သည်။ စိတ်ကြည်လင်လန်းဆန်းစွာ နေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့သည် အမှိုက်ကို စနစ်တကျ စွန့်ပစ်သည့် အလေ့အကျင်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။


စွန့်ပစ်အမှိုက်များကို အမျိုးအစားခွဲကြည့်ပါက၊ ဆွေးမြေ့နိုင် သည့် သီးနှံဘေးထွက်အမှိုက်၊ ပန်း၊ သစ်ရွက်၊ သစ်သီးခွံများ ပြန်လည်သန့်စင်သုံးစွဲနိုင်သည့် စက္ကူ၊ ပလတ်စတစ်၊ ဖန်ထည်၊ မှန် ထည်၊ သတ္တု၊ အဝတ်အထည်များ၊ ဆိုင်ကယ်၊ ကားတာယာဟောင်း များ အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဘက်ထရီဟောင်း၊ မီးလုံး၊ မီးချောင်း၊ ပုံးခွံ၊ ဘူးခွံများ၊ ရက်လွန်ဆေးဝါးများ စသည်တို့ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ အမှိုက်ကို လက်လွတ်စပယ် လွယ်လင့်တကူမပစ်ရန်နှင့် စွန့်ပစ်အမှိုက်ကို စနစ်တကျစွန့်ပစ် ရန်လိုအပ်သည်။


မီးဖိုဆောင်ထွက် အမှိုက်သရိုက်များကို သတ်မှတ်အမှိုက်ပုံ ရန်နေရာတွင် သတ်မှတ်အချိန်အတွင်း၌သာ စွန့်ပစ်ရန် လိုအပ် သည်။ လမ်းသွား၊ လမ်းလာများ၊ ခရီးသည်များသည် အမှိုက်များ ကို အလွယ်တကူ မစွန့်ပစ်ဘဲ လမ်းရှိ အမှိုက်ပုံးနေရာရောက်မှ စွန့်ပစ်ရပေမည်။


စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရည်များကို ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းမပြုရန် လိုအပ်သကဲ့သို့ ယာဉ် များပေါ်မှ လမ်းပေါ်သို့ စည်းကမ်းမဲ့အမှိုက်များ စွန့်မပစ်ရန်လည်း ထိန်းသိမ်းရမည်။


သို့ဖြစ်ရာ အမှိုက်ထွက်မှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း နှင့် ပြန်လည်အသုံးချတီထွင်ခြင်းတို့ကို ဆောင်ရွက်ခြင်း စွန့်ပစ်  အမှိုက်စီမံခန့်ခွဲမှုစနစ်ဖြင့် စွန့်ပစ်ရန်လိုအပ်သည်။ ပလတ်စတစ် အပါအဝင် အမှိုက်ဖြစ်စေသည့်အရာများသုံးစွဲမှု လျှော့ချခြင်း အစားအသောက်ထည့်ရန် ဘူး၊ ချိုင့်၊ ခြင်းစသည်တို့ သုံးစွဲခြင်း၊ မလိုသည့်ပစ္စည်းကို မဝယ်မသုံးခြင်းနည်းလမ်းများဖြင့် လျှော့ချ ကြရမည်ဖြစ်သည်။


အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် မြို့ပြလူမှုပတ်ဝန်း ကျင်နှင့် သဘာဝပတ်ဝန်းကျင်များ တိုးတက်ကောင်းမွန်လာမည် ဖြစ်သည်။ 


အမှိုက်နှင့်ပတ်သက်သည့် အခါအားလျော်စွာ သတိပေးချက် များကို မြို့နေပြည်သူများလေးစားလိုက်နာ ပူးပေါင်းပါဝင်ဆောင် ရွက်ရေး တိုက်တွန်းနှိုးဆော်ရပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ