နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးသူငယ်များဘဝမြှင့်တင်ရေး

ယခုအခါ ကျေးကျွန်ခေတ်မဟုတ်သော်လည်း ကျေးကျွန် ကဲ့သို့ ပြုမူဆက်ဆံထိတွေ့မှုများ ရှိနေသည်ကို တွေ့ရသည်။ ယင်းတို့မှာ အိမ်ဖော်ကဲ့သို့အလုပ်၊ လူခန္ဓာကိုယ်နှင့် ရင်းနှီးရသော အလုပ်များ၊ ကလေးလုပ်သားများဖြစ်ကြသည်။


မြန်မာနိုင်ငံ၏ နှစ်စဉ်လုပ်သားစစ်တမ်း ဒုတိယအကြိမ် အစီရင်ခံစာတွင် ကလေးအလုပ်သမား ၀ ဒသမ ၃ သန်းခန့်ရှိ ကြောင်း ကလေးအလုပ်သမားပပျောက်ရေး ကိစ္စရပ်သည်              နိုင်ငံတိုင်းအလေးထားဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ်သည်။


ကလေးများအရွယ်မတိုင်မီ အလုပ်သမားဘဝရောက်ရှိရ ခြင်းမှာ မိသားစုဆင်းရဲနွမ်းပါးခြင်းကြောင့် ဖြစ်သည်။ ကလေး လုပ်သားများခြင်းကြောင့် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန် ကလေးသူငယ်များနှင့် လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးကို မလွှဲမသွေရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးရန် လိုအပ်သည်။


တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့် ကလေးသူငယ် နှစ်သန်း ကျော်မှာ အတင်းအဓမ္မခိုင်းစေသည့် အလုပ်များထဲတွင် ကျင်လည် နေသည်ဟု နိုင်ငံတကာအလုပ်အကိုင်အခြေအနေ သုံးသပ်ချက် အရ သိရပေသည်။


တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ကလေး အလုပ်သမားပပျောက်ရေးကော်မတီနှင့် လုပ်ငန်းငန်းကော်မတီ ရှစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပြင်ဆင်ဖွဲ့စည်းပေးထားသော လုပ်ငန်းကော်မတီ ရှစ်ရပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက်   ဦးတည်ချက်ထားကာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်စေရေး အဘက်ဘက်က ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသည်။


ကျောင်းပညာတစ်ပိုင်းတစ်စနှင့် အလုပ်ခွင်ဝင်သွားသော ကလေးသူငယ်များ၏ လုပ်အားခကို ဈေးပေါပေါနှင့်ရယူသည့် အလုပ်သမားဈေးကွက်များတွင် တွေ့မြင်ရပြီး ဆင်းရဲမှုသံသရာ တွင် လည်ပတ်နေရသည့် အောက်ခြေလူတန်းစားများ များပြား လာစေသည်။


အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် လူမှုအသိုင်းအဝိုင်း က ခွဲခြားဆက်ဆံမှုမပြုရေးနှင့် အခွင့်အရေးများကို အပြည့်အဝ ခံစားခွင့်ရရှိရေး ကလေးသူငယ်များ၏ အခွင့်အရေးများကာကွယ် စောင့်ရှောက်မှုများ မျက်ခြည်မပြတ် ထိရောက်စွာ ဆောင်ရွက် ပေးခြင်းဖြင့် အသိပညာပေးခြင်း၊ ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်း ပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်၍ ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနများက ပူးပေါင်း  ဆောင်ရွက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ