နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းများတွင် ကာကွယ်ဆေးထိုးပေးရေး ပူးပေါင်းဆောင်ရွက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကျန်းမာရေးဝန်ကြီး ဌာနသည် ကျောင်းကျန်းမာရေး၊ ကျောင်းသား၊ ကျောင်းသူများ ရောဂါဘယကင်းရှင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု များကို ၁၉၉၆ ခုနှစ်ကတည်းက ရေးဆွဲဆောင်ရွက်လျက်ရှိသည်။


အခြေခံပညာကျောင်းများသည် လူမှုအဖွဲ့အစည်း၏ အခြေခံ ကျသောဌာနဖြစ်ရာ ကျောင်းများတွင် လူငယ်များမိသားစုတစ်စု နှင့်တစ်စု မတူညီသော အကျင့်စရိုက်၊ ဖလှယ်ကြသော နေရာ လည်းဖြစ်ရာ ကျောင်းများမှ လူငယ်များ ပြုစုပျိုးထောင်ခြင်းသည် နိုင်ငံတကာတွင် အခြေခံကျသော အခန်းကဏ္ဍမှပါဝင်သည်။


ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် ငါးရပ်ဖြစ်သော ဝန်းကျင် သန့်ရေး၊ စစ်ဆေးကျန်းမာ၊ ရောဂါကုလျက်၊ ကူးစက်ကာကွယ်၊ အာဟာရဖွံ့ဖြိုးတိုးတက်စရာ၊ ပညာပေးမူသုတေသပြုပေါင်းစု ကျောင်းကျန်းမာဟူသော ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိ သည်။


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက် ဖြစ်ပွားနေသော ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ကုသထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ် အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိခြင်းနှင့် အသက် ၁၈ နှစ်နှင့် အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် နီးစပ်ရပ်ကျန်းမာရေးဌာနများ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက်ခံယူကြရန် တိုက်တွန်းနှိုးဆော်ထား သည်။


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများကို ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။


ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ကျောင်း ၁၉ ကျောင်းက ၆၈၄၅ဦး၊ တောင်ပိုင်းခရိုင်တွင် ကျောင်းပေါင်း ၁၀၅ ကျောင်း ၁၈၆၉ ဦး၊ ‌မြောက်ပိုင်းခရိုင်တွင် ကျောင်းပေါင်း ၈၃ ကျောင်းက ၁၃၆၃၃ ဦး ကျောင်းပေါင်း ၂၂၃ ကျောင်းမှ ကျောင်းသား၊ ကျောင်း သူ ၃၂၉၇၁ဦး တို့ကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးပြီ      ဖြစ်သည်။


တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိရေး မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေး လွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါနှင့် ဆက်စပ်ရောဂါများ မဖြစ် အောင် ကြိုတင်ကာကွယ်ထားရှိရေး၊ ကျောင်းသုံးပရိဘောဂများ ပြည့်စုံစွာရှိရေး လိုအပ်သည်များ မှာကြားခဲ့သည်။


ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ကျန်းမာဖွံ့ဖြိုး၍ အရည်အချင်းပြည့်ဝသည့် နိုင်ငံသားများဖြင့် တည်ဆောက်ရမည်ဖြစ်ရာ ကျောင်းနှင့်ပတ်ဝန်ကျင်သန့်ရှင်း သာယာလှပရေး မိဘ၊ ဆရာ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ