နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအရှိန်အဟုန် မြင့်ဆောင်ရွက်

တိုးတက်ပြောင်းလဲဖြစ်ထွန်းခြင်းဟူသည် အများသူငါအတွက် ကောင်းကျိုးများစွာ ရရှိစေနိုင်သော်လည်း တစ်ဖက်တွင် နောက် ဆက်တွဲ ဆိုးကျိုးလည်းရှိတတ်သည်။ ယင်းသည်မှာလည်းအကောင်း အဆိုးဒွန်တွဲတတ်သည့် သဘောရှိသည်မို့ အပြစ်ဆိုဖွယ်မရှိပါ။ ထိုအကောင်းအဆိုး ဒွန်တွဲနေသည့် ဖြစ်ထွန်းနေမှုများတွင် ဈေးနှုန်း သက်သာသည်ဆိုသော မော်တော်ယာဉ်များ များပြားလာခြင်းသည် အကောင်းတစ်ဝက်အဆိုးတစ်ဝက်ဖြစ်နေသည်ဟု ဆိုချင်ပါသည်။


မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့် အစည်ကားဆုံးမြို့ မှာ ရန်ကုန်မြို့ဖြစ်သည်။ လူမှုဘဝဖြစ်ထွန်းမှု အားလုံးကို ရန်ကုန် မြို့တွင် ရှုမဆုံးမြင်တွေ့နိုင်သည်။ ထိုအထဲတွင် မော်တော်ယာဉ်များ တိုးတက်များပြားလာမှုများ ရန်ကုန်မြို့တွင် အများဆုံးစုပြုံနေသည် ဟုဆိုနိုင်သည်။ နောက်ဆက်တွဲဆိုးကျိုးမှာ ယာဉ်ကြောပိတ်ဆို့ နေသဖြင့် ခရီးသွားလာမှုကြန့်ကြာခြင်း၊ စက်သုံးဆီကို နိုင်ငံခြား ငွေဖြင့် ဖြည့်ဆည်းပေးနေရခြင်း၊ မြို့နေပြည်သူလူထုအနေဖြင့် လမ်းပိတ်ဆို့မှု ဒဏ်ခံရခြင်း၊ ယာဉ်အန္တရာယ်ကို ပိုမိုကြုံတွေ့နိုင်ခြင်း၊  မွန်းကျပ်မှုများ၊ စိတ်ဖိစီးမှုများ ကျန်းမာရေးထိခိုက်မှုများစသည့် ဆိုးကျိုးများကို ရင်ဆိုင်လာကြရသည်။


ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို အဖြေရှာနိုင်ဖို့ သက်ဆိုင်ရာ  တို့က နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေကြပါသော်လည်း ပြေလည် မှုမရရှိနိုင်သည်မှာ အထင်အရှားဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး၊ ယာဉ်မတော် တဆမှုများမဖြစ်ပွားစေရေးနှင့် ယာဉ်သွားလာမှု အဆင်ပြေချောမွေ့ စေရေးအတွက် မြို့နယ်၊ ခရိုင်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့များက နေ့စဉ်စည်းကမ်းထိန်းသိမ်း ရေးဆောင်ရွက်လျက်ရှိသည်။ 


ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန်နှင့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များတွေ့ရှိပါက စည်းကမ်း ဖောက်ဖျက်မှုကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးရန် ဖောက်ဖျက် သည့် မြို့နယ် လမ်းနှင့်နေရာများကို ရေးသားပြီး Viber ဖုန်းနံပါတ် ၀၉-၇၇၇၄၃၆၂၃၂ နှင့် ၀၉-၇၇၇၄၃၆၂၃၃ များသို့ ဓာတ်ပုံမှတ်တမ်း နှင့် ပေးပို့တိုင်ကြားနိုင်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး(ရန်ကုန်) ကို အသိပေးထားသည်။


ယာဉ်သုံးစွဲသူများနှင့်လမ်းအသုံးပြုသူတို့ စည်းကမ်းတကျလိုက် နာခြင်းဖြင့် မွန်းကျပ်မှုမှ ကင်းဝေးနိုင်မည်ဖြစ်သည်။ အဓိကအချက် မှာ တစ်ဦးချင်းစည်းကမ်းလိုက်နာမှု၊ တာဝန်သိတတ်မှုပင်ဖြစ်ရာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ယဉ်ကျေးသည့် နိုင်ငံကြီးသား ပီသအောင်ကျင့်ကြံအား ထုတ်စေချင်ကြောင်း တိုက်တွန်းအပ်ပါ သည်။






အခြားဆက်စပ်သတင်းများ