နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနများကို ပြောင်းရွှေ့ဖွင့်လှစ်

ရန်ကုန် ဧပြီ ၄ COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံ၏ အထူးကုပြင်ပ လူနာဌာနများကို ဧပြီ ၆ ရက်မှစတင်၍ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါဌာနများကို ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လသာ(၂)ကျောင်းဝန်းအတွင်း(ဆေးရုံကြီး၏ မျက်နှာချင်း ဆိုင်ဘက်အခြမ်း)သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ရာ လူဦးရေအကန့်အသတ်ဖြင့်သာ ကြည့်ရှုမည်ဖြစ်ပြီး သက်ဆိုင်ရာဆေးရုံ၏ လွှဲစာများပါမှသာ ပြသခွင့်ရရှိမည်ဖြစ်သည်။ ယခုကဲ့သို့ ပြောင်းရွှေ့ဖွင့်လှစ်မည့် ပြင်ပလူနာဌာနများကို စနေ၊ တနင်္ဂနွေမှလွဲ၍ ကျန်ရက်များတွင် မနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ တစ်ပိုင်း၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ တစ်ပိုင်း၊ စုစုပေါင်း အပိုင်းနှစ်ပိုင်းဖြင့် ကြည့်ရှုကုသသွားမည်ဖြစ်ကြောင်း သိရသည်။ ကျော်စိုးသူ (City News)






အခြားဆက်စပ်သတင်းများ