နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်သွန်နီဈေးနှုန်းလှိုင်းစီးနေ

၂၀၂၀ ပြည့်နှစ်‌ဖေဖော်ဝါရီလ၂၅ရက်မှစ၍ ရန်ကုန်အပါအဝင်နယ် ဈေးကွက်များတွင် ကြက်သွန်ဈေးနှုန်းကျဆင်း‌နေရာမှမတ်လ ၃ ရက်တွင်‌ ဈေးနှုန်းပြန်လည်မြင့်တက်လာ‌သော်လည်း မတ်လ ၄ ရက်တွင်‌ဈေးနှုန်း ပြန်လည်ကျဆင်းလာပြန်သည်ဟု ဘုရင့်နောင်ပွဲရုံနှင့်ကြက်သွန်နီအဝယ် တော်များထံမှသိရသည်။ မတ်လ ၃ ရက်တွင်ဆိပ်ဖြူလက်ကားတစ်ပိဿာ ၈၀၀-၉၅၀- ၁၀၅၀-၁၀၅၀ကျပ်၊ မြစ်သား၁၀၅၀-၁၂၅၀-၁၂၅၀-၁၂၅၀ကျပ်နှုန်းရှိ သည်ဟု သိရသည်။ ရန်ကုန်ဈေးကွက်တွင် ပိတ်ရက်နှစ်ရက်အလွန် မတ်လ ၃ ရက် တွင်ကြက်သွန်နီ၂၇၀၀၀၀ပိဿာချိန် ဝင်ရောက်လာသည် ဟု နေ့စဉ် ဈေးနှုန်းစာရင်းတွင်ဖေါ်ပြထားသည်။ မတ်လ ၄ ရက်တွင်ဆိပ်ဖြူလက်ကားတစ်ပိဿာ ၇၀၀-၈၅၀-၉၅၀-၉၅၀ ကျပ်၊ မြင်းခြံ၇၅၀-၈၅၀-၈၅၀-၈၅၀ကျပ်မြစ်သား ၉၅၀-၁၁၀၀-၁၁၀၀-၁၁၀၀ ကျပ်နှုန်းအသီးသီးရှိသည်ဟု သိရသည်။ မတ်လ ၃ ရက်ကြက်သွန်ဈေးတက်သည့်နေ့တွင် ဘုရင့်‌နောင်ပွဲရုံ ဝင်းနှင့်ဘုရင့်‌နောင်လမ်းမကြီးတို့တွင်‌ နေ့ပိုင်းယာဉ်ပိတ်ဆို့မှုရှိ‌နေ၍ ပွဲရုံများတွင် အ‌ရောင်းအဝယ်ကျဆင်းမှုရှိလာသည်ဟု ပွဲရုံအချို့မှ‌ ပြော သည်။ ၂၀၂၀‌ ပြည့်နှစ်ဖေဖော်ဝါရီလ၂၀ရက်တွင်ဆိပ်ဖြူလက်ကား တစ်ပိဿာ ၁၃၀၀-၁၅၅၀-၁၆၀၀-၁၅၅၀ ကျပ် မြစ်သား ၁၃၅၀-၁၈၀၀-၁၈၅၀-၁၈၀၀ ကျပ်နှုန်းဈေးအမြင့်တွင်ရှိခဲ့သည်။ သို့သော်ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ရန်အဝယ်နည်းလာ၍ ရန်ကုန်‌ဈေး ကွက်သို့တင်ပို့မှုများလာသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်တွင်ရန်ကုန်သို့ ကြက်သွန်နီ၂၈၂၀၀၀ပိဿာဝင်ရောက်ပြီး ယခုရက်ပိုင်များတွင်နေ့စဉ် ပျမ်းမျှ ပိဿာချိန်နှစ်သိန်းဝန်းကျင်ဝင်ရောက်လာသည်။ ရန်ကုန်ဈေးကွက် အတွင်း‌ ဖေဖော်ဝါရီလ၂၅ရက်မှစ၍ ဈေးကျလာရာတွင်ဖေဖော်ဝါရီလ‌၂၇ ရက်တွင်ဆိပ်ဖြူလက်ကားတစ်ပိဿာ၇၀၀-၈၀၀-၈၀၀-၈၀၀ ကျပ်၊ မြစ် သား ၈၀၀-၁၀၀၀-၁၀၀၀-၁၀၀၀ကျပ်နှုန်းအထိဈေးကျဆင်းလာသည်။ သို့သော် နယ်တွင်ဘင်္ဂလားသို့ပို့ရန်အဝယ်ရှိလာသည့် သတင်းနှင့် အတူဈေးနှုန်းပြန်တက်လာ၍ ရန်ကုန်ဈေးနှုန်းပါမြင့်တက်လာသည်။ မတ်လ ၂ ရက်ပခုက္ကူ‌ဈေးကွက်တွင် ကြက်သွန်နီ ၃၈၀၀၀ ပိဿာဝင်‌ ရောက်ပြီး အမြင့်ဆုံးဈေးတစ်ပိဿာ ၉၀၀ ကျပ်ရှိရာမှမတ်လ ၃ ရက်တွင် ၁၂၆၀၀၀ ပိဿာဝင်‌ရောက်ကာအမြင့်ဆုံးဈေး ၈၅၀ ကျပ်နှုန်းသို့ ဈေး နှုန်းကျဆင်းလာသည်ဟု ပခုက္ကူ‌ဈေးကွက်သတင်းများအရ သိရသည် ။ ပြည်တွင်းကြက်သွန်နီဈေးအနိမ့်တွင်ရှိ‌နေသော‌ ဖေဖော်ဝါရီလ၂၉ ရက်တွင် တရုတ်ကြက်သွန်နီအလုံးကြီးများ လက်ကားတစ်ပိဿာဈေး ၈၇၅ ကျပ်နှုန်းဖြင့် ရန်ကုန်ဈေးကွက်သို့ဝင်ရောက်လာသည်ဟု လမ်းမတော်ညောင်ပင်လေးဈေးမှဘုရင့်နောင်သို့ နေ့စဉ်အာလူး ကြက်သွန်နီ သွား‌ရောက်ဝယ်သူ ကိုရီကဆိုသည်။ ပြည်တွင်းကြက်သွန်နီဈေးနှင့် ကွာခြား မှုနည်း၍တရုတ်ကြက်သွန်ဝယ်လိုအားနည်းသည်ဟု သိရသည်။ ကမ္ဘာ့ကြက်သွန်နီတင်ပို့မှုအများဆုံးဖြစ်‌သော အိန္ဒိယနိုင်ငံမှ ပြည်ပ သို့ကြက်သွန်နီတင်ပို့ခြင်းကိုယင်းနိုင်ငံအတွင်းမိုးကြီး၍ မိုးကြက်သွန် ထွက်ရှိမှုနည်းလာသဖြင့် ၂၀၁၉ စက်တင်ဘာလလယ်ဝန်းကျင်တွင် ပိတ်ပင်ခဲ့သည်။ သို့သော်၂၀၂၀ ပြည့်နှစ်မတ်လတွင်မူအိန္ဒိယ ကြက်သွန်နီ ထွက်ရှိမှုပိုလာနိုင်ပြီးယခင်နှစ်၂၀၁၉ကာလတူ အထွက်တန်ချိန်‌လေး သန်းထက် ၂၀၂၀ မတ်လတွင်အိန္ဒိယကြက်သွန်နီအထွက် ၄၀ ရာခိုင်နှုန်း ပိုများနိုင်သည့်အတွက်အိန္ဒိယကြက်သွန်နီများ ပြည်ပသို့ပြန်လည်တင်ပို့ခွင့်ပြုမည်ဟု အိန္ဒိယကြက်သွန်နီ‌ဈေးကွက်မှ သိရသည်။ ယင်းသို့တင်ပို့မှုရှိလာချိန်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်မြန်မာ ပြည်ဈေးကွက်တွင်ကြက်သွန်နီဝယ်ယူမှု နည်းလာနိုင်၍ မတ်လအတွင်း ပြည်တွင်းကြက်သွန်ဈေးကျမည်ကို ဆောင်းစိုက်‌လှောင်ကြက်သွန်နီ စိုက်ပျိုးသူများစိုးရိမ်နေသည်ဟု သိရသည်။ . မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ