နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိသားစုဘဝကျန်းမာရေး အလေးထားဆောင်ရွက်

ရန်ကုန်၊ ဇွန် ၈


ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်သော လာဘ်ကြီးတစ်ပါးဖြစ်သည်။ လူတိုင်း ကျန်းမာနေပါမှ အသက်ရှင် ရပ်တည်နေနိုင်မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။


လူတိုင်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးသည် ကျန်းမာရေးစောင့်ရှောက်မှုပင် ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုကို မိမိကိုယ်တိုင်ဆောင်ရွက်နိုင်မှသာ တစ်ကိုယ်ရေကျန်းမာသန်စွမ်းမည် ဖြစ်သည်။


မိမိ၏ ကျန်းမာရေး၊ မိသားစုကျန်းမာရေး၊ ရပ်ရွာလူထု၏ ကျန်းမာရေး၊ ရောဂါကာကွယ်ရေးတို့ကို စွမ်းအား ရှိသမျှ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် အိမ်ရှင်မများက အဓိကကျသည်။ သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည်။ အာဟာရကင်း၍ အသက်ရှင်သန်နိုင်ခြင်းမရှိပေ။


အိမ်ရှင်မတိုင်းက မိသားစုကျန်းမာပျော်ရွှင်ရပ်တည်နိုင်ရန် ထိန်းကျောင်းရာတွင် မိမိခန္ဓာကိုယ်၊ မိမိအိမ်နှင့် အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်း၊ အာဟာရမျှတစွာ စားသုံးနိုင်ရန်စီမံခြင်း၊ သားသမီးများကို အရွယ်အလိုက် ကာကွယ်ဆေးထိုးပေးခြင်း၊ ရာသီအလိုက်ဖြစ်ပေါ်တတ်သော ရောဂါများကို သိရှိနားလည်ပြီး မိသားစုဘဝကို အလေးထားစီမံဆောင်ရွက်ကြရသည်။


အိမ်ရှင်မတို့သည် အာဟာရပြည့်ဝသော အစားအစာများကိုကျွေးမွေးရာတွင် "များလျှင်အဝစား၊ နည်းလျှင် ငှစား"ဆိုသည့် စကားအတိုင်း မျှတညီညွတ်မှုဖြင့် မိသားစုစိတ်ဓာတ်ကို မြှင့်တင်ပေးသည်။ ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုထိရောက်သည်။ သန့်ရှင်းမှု မရှိခြင်းကြောင့် ရောဂါပိုးမွှားကူးစက်နိုင်သည်။ သန့်ရှင်းသပ်ရပ်ပြီး မိသားစုနေအိမ်သန့်ရှင်းရန်နှင့် အစားအစာသန့်ရှင်းရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးစသည် တို့ကို တစ်ဦးချင်း၊ တစ်ယောက်ချင်း အလေးဂရုပြုဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ကိုယ့်ရောဂါကာကွယ်ရေး အတွက် ကိုယ်သာစွမ်းဆောင်နိုင်ဆုံးဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် နိုင်ငံတစ်ဝန်း ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ၊ ဒေသန္တရ ကျန်းမာရေးဌာနများဖွင့်လှစ်ပြီး ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အိမ်ရှင်မများ လိုက်နာကျင့်သုံးသည်နှင့်အမျှ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။
ကိုဗစ် ၁၉ ကပ်ရောဂါသည် အရှိန်မသေသေးသည့် ကူးစက်ရောဂါဖြစ်ပြီး အချိန်မရွေးကူးစက်ပျံ့မှုဖြစ်ပွား နိုင်သည့် အန္တရာယ်ရှိနေဆဲဖြစ်ရာ ရောဂါကူးစက်နိုင်မှုကို အထူးသတိပြုပြီး မိမိကိုယ်တိုင်ဂရုတစိုက်ကာကွယ် ခြင်းဖြင့်  သတိပြုဆောင်ရွက်စေချင်ကြောင်း ။             ။






အခြားဆက်စပ်သတင်းများ