နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းရေး

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍပညာရည် မြင့်မားလာစေရေး လုပ်ငန်းများကို ပြက္ခဒိန်ရေးဆွဲသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ပညာသင်ယူရာ ကျောင်းများ၌ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာ မိမိတို့၏ သင်ခန်းစာ များကို လေ့လာသင်ယူနိုင်ရေးအတွက် ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးမှာ အထူးအ‌ရေးပါသည်။ အခြေခံပညာကျောင်းများ အလိုက် ကျောင်းအုပ်ကြီးများ၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမ များ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်။


ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တော်တွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ တစ်သိန်းကျော်ရှိကြောင်း စာသင် ကျောင်းများတွင် အမှိုက်စွန့်ပစ်မှုမှတစ်ဆင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုမြင့်တက်လာကြောင်း၊ စာသင်ကျောင်းအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ လိုက်နာရန်လိုအပ်ကြောင်းနှင့် ဒေသ ၂၂ ခု အနက် ဒေသ ၂၀ တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ တွေ့ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဇွန် ၂ ရက်တွင် ပြောကြားသည်ကို နိုင်ငံတကာသတင်းတွင် တွေ့ရှိရသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး စီမံချက်များ ချမှတ်ကာ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်လျက် ရှိသည်။ သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေး သည် အဓိကဖြစ်သည့်အလျောက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ် အတိုင်း ဆောင်ရွက်ကြရန်လိုအပ်သည်။


ခြင်များ ခိုအောင်းနေနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သန့်ရှင်းမှု ပြုလုပ် ‌ဆောင်ရွက်ရန် အရေးကြီးသည်။ 


သွေးလွန်တုပ်ကွေးသည် အသက် ၁၀ နှစ်အောက် ကလေး များ ဖြစ်လေ့ရှိကြောင်း သိရသည်။ ယခုကဲ့သို့ ရာသီတွင် ခြင်ပေါက်   ပွားနှုန်း ကောင်းခြင်းကြောင့် ရောဂါအဖြစ်များတတ်သည်။ သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့် ကုသ ရေး အစီအမံများကို လိုက်နာဆောင်ရွက်သင့်သည်။ 


ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုသည် ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ကျန်းမာရေးကိုအထောက်အကူပြုခြင်း ကြောင့်လည်း ကျန်းမာရွှင်လန်းသော ကျောင်းသူ၊ ကျောင်းသား များက ပညာသင်ယူရေးကို စိတ်ရော၊ ကိုယ်ပါရွှင်လန်းတက်ကြွ စွာ လုပ်ဆောင်နိုင်မည်ဖြစ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများ၊ မိဘများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ကျန်းမာသောပတ်ဝန်းကျင် ကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ