နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလစက်တပ်သမ္ဗန်များ ခရီးသည်လျှော့တင်ရမည်

ရန်ကုန်   မေ   ၂၈


ရာသီဥတု အခြေအနေ ဖောက်ပြန်မှုများ မကြာခဏ ကြုံလာရသည့်အတွက်၊ ဒလ စက်တပ်သမ္ဗန်များတွင် မူလ တင်ဆောင်နိုင်သော ခရီးသည် အရေအတွက်ထက်၊ လျှော့ချ တင်ဆောင်ရန် သတ်မှတ်ထား သည်။


"ဒီနှစ်မှာတော့ ခရီးသည် လျှော့တင်ဖို့ သတ်မှတ်တာရှိ တယ်၊ မိုးတွေ၊ လေတွေတိုက် နေရင် မထွက်ဘဲ ရပ်နားထား ဖို့အထိ ကန့်သတ်ထားတာရှိ တယ်၊ ဒါက ခရီးသည်တွေ အန္တရာယ် မဖြစ်စေလိုတာပါ" ဟု စက်တပ်သမ္ဗန် လုပ်သား တစ်ဦးက ပြောသည်။


ရန်ကုန်မြစ်အတွင်း၊ ကူးလူး ပို့ဆောင်နေသည့် ဒလစက်တပ် သမ္ဗန်များနှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များ ကို၊ မြို့နယ်စက်တပ်ရေယာဉ် ကြီးကြပ်ရေးအဖွဲ့က၊ ထုတ်ပြန် ခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာ သမ္ဗန် ဂိတ်များကတစ်ဆင့် အောက် ခြေ လုပ်သားများကို ကြပ်မတ် သွားရန် ဆင့်ကဲညွှန်ကြားထား သည်။


ဒလဘက်ကမ်းတွင် သမ္ဗန် ဂိတ် ၁၀ ခုကျော် ဖွင့်လှစ်ကာ စီးရေပေါင်း ၅၀၀ ကျော်ဖြင့် ပြေးဆွဲနေပြီး၊ ဂိတ်တစ်ခု၌ တစ်ရက်လျှင်၊ အနည်းဆုံးစီးနင်း သူ ၂၀၀၀ ကျော်မှ ၅၀၀၀ ဝန်းကျင်အထိရှိသည်။


ဒလ စက်တပ်သမ္ဗန်များ တွင် ခရီးသည်တစ်ဦးလျှင် ၂၀၀ ကျပ်၊ ၃၀၀ ကျပ် စသည်ဖြင့် သတ်မှတ်ကောက်ခံပြီး၊ ယခင် က ခရီးသည် ၁၀ ဦးမှ ၁၂ ဦး အထိ တင်ဆောင်လေ့ရှိသော် လည်း၊ ယခုတွင် အများဆုံး ရှစ်ဦးအထိသာ တင်ဆောင်ရန် သတ်မှတ်ထားကာ၊ နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီ အထိ ဂိတ်ဖွင့်ပြေးဆွဲပေးလျက် ရှိသည်။                           ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ