နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနောက်ပိုင်းတက္ကသိုလ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာပေး

ရန်ကုန်   မေ   ၂၈


ကျောင်းသား၊ ကျောင်းသူ များ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး၊ မီးလောင်မှု များ ဖြစ်ပွားပါက လျင်မြန် ထိရောက်စွာ မီးငြှိမ်းသတ်နိုင် ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာများ တိုးပွားလာစေရန် အတွက် မေ ၂၇ ရက်က ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ ပင်မ ဆောင်ခန်းမတွင် မီးဘေး အန္တရာယ် ကင်းဝေးရေး အသိ ပညာပေး ဟောပြောပွဲ ကျင်းပသည်။


ထို့နောက် ပင်မဆောင်ရှေ့ တွင် ထန်းတပင်မြို့နယ် မီးသတ် ဦးစီးမှူး ဦးမိုးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ အား မီးသတ်ဆေးဘူး အသုံးပြု ၍ လက်တွေ့မီးငြှိမ်းသတ်နည်း များ၊ ဂတ်(စ်)အိုး မီးလောင်မှု မီးငြှိမ်းသတ်နည်းများနှင့် ဆီ မီးလောင်မှု မီးငြှိမ်းနည်းစနစ် များကို လက်တွေ့ငြှိမ်းသတ် ပြသသည်။

ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ