နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရရှိရေး

လူမှုဘဝနယ်ပယ်တွင် အရာရာ ဓာတုပစ္စည်းများနှင့် မကင်း ပါ။ အစားအသောက် အဝတ်အထည်၊ သုံးစွဲစရာ ပစ္စည်းများမှ အစ ဓာတုဗေဒ ဓာတ်သဘောနှင့် မလွတ်ကင်းချေ။ အစား အသောက်တွင် အနံ့၊ အရသာ၊ အရောင်အဆင်း ထုပ်ပိုးမှုတို့မှာ လွန်စွာကောင်းမွန်သော်လည်း ဘေးအန္တရာယ်ရှိ၊ မရှိ သတိထား ဆင်ခြင်ရန် လိုအပ်သည်။


ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေး စစ်မှန်ကောင်းမွန် ပြီး၊ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် ဈေးကွက်များတွင် ရောင်းချ လျက်ရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ အန္တရာယ် ရှိ စားသုံးရန် မသင့်သော အစားအသောက်များကိုလည်း မကြာ ခဏ သတိပေးကြေညာပေးလျက်ရှိသည်။


အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများ ကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ-၂၈(က)အရ တရားစွဲ အရေးယူခံရမည်ဖြစ်သည်။


ဖော်မလင်ဆိုသည်မှာ Formaldehyde ဒြပ်ပေါင်းပါဝင်သော အရောင်မရှိသော အရည်တစ်မျိုးဖြစ်ပြီး ဓာတုဗေဒနည်းအားဖြင့် ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ပါဝင်သည်။ အမျိုး အစားအားဖြင့် စားလောင်စေတတ်သော အဆိပ်သင့်စေတတ် သော အမျိုးအစားတွင် ပါဝင်သည်။


ဖော်မလင်ကို စက္ကူစက်ရုံ၊ အထည်အလိပ်စက်ရုံများတွင် ပလတ်စတစ် Resin များ ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတု ပစ္စည်းတစ်မျိုးဖြစ်သည်။ အသားများကို တောင့်တင်းခိုင်မာစေ ပြီး၊ မပုပ်မသိုးအောင် ထိန်းသိမ်းထားနိုင်သော အစွမ်းသတ္တိရှိ သည့်အတွက် လူသေအလောင်းများ၊ လူအင်္ဂါအစိတ်အပိုင်းများ မပုပ်မသိုးအောင် ပြုလုပ်ရာတွင် အသုံးပြုသည်။


ဖော်မလင်အား အလွဲသုံးတတ်သည့် စားသောက်ဖွယ်ရာ များမှာ ပဲပြား၊ ပဲပုတ်၊ မုန့်ဖတ်၊ ခေါက်ဆွဲ၊ ပင်လယ်စာများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ သုံးစွဲရာ၊ ယင်းအသုံးပြုထားသော အစားအသောက်များကို ပမာဏများစွာ စားသုံးမိပါက ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း တို့အပြင် အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။ ရေရှည်တွင် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်း ခြောက်၊ အသည်းကင်ဆာစသည့် ကင်ဆာအမျိုးမျိုး ဖြစ်ပွားနိုင် သည်။


ရန်ကုန်မြို့နေ ပြည်သူများအတွက် ကျန်းမာရေးနှင့် ညီညွတ် သော စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသောက်နိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာန စားသောက်ကုန်ပစ္စည်းများကို ကျန်းမာရေးနှင့် ညီညွတ်မှုရှိ၊မရှိ စစ်ဆေးလျက်ရှိသည်။


ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များရရှိရေး ကြက်၊ ဝက်၊ အမဲ၊ ဆိတ် စားသုံးရန် သင့်မသင့်စစ်ဆေး‌ဆောင် ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ပြည်သူများ ကျန်းမာသုခပြည့်ဝ ရေး အစားအသောက်များသည် အဓိကကျလျက်ရှိရာ ထုတ်လုပ် သူများနှင့် စားသုံးသူများတို့ကပါ အထူးသတိပြုဆင်ခြင်လိုက်နာ ဆောင်ရွက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ