နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Helpline တစ်ခုတွင် လုပ်အားပေးဝင်လုပ်ခဲ့သည်ဟု ဗြိတိန်မင်းသား ဝီလျံ ပြော

ဇွန် ၇ လန်ဒန်

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ဗြိတိန်နိုင်ငံတွင် ပိတ်ဆို့ထားစဉ်ကာလအတွင်း အခက်တွေ့ နေသူများကို ကူညီပေးသည့် Helpline တစ်ခုတွင် လုပ်အားပေးဝင်လုပ်ခဲ့ကြောင်း ဗြိတိန်မင်းသား ဝီလျံက ပြောသည်။ ကမ်းဘရစ်ချ်နယ်စား ဝီလျံမှာ Shout 85258 Helpline တွင် ယင်း၏အမည်ကို မဖော်ပြဘဲ ပါဝင်ကူညီပေးခဲ့ခြင်းဖြစ်သည်။ Shout 85258 Helpline မှာ ကိုယ်ရေးကိုယ်တာ အခက်အခဲကြုံနေသူများကို မက်ဆေ့ဖြင့် နှစ်သိမ့်အားပေးသည့် ကူညီရေးဖုန်းလိုင်းတစ်ခုဖြစ်သည်။ စိတ်ကျန်းမာရေးပရဟိတအဖွဲ့၏ လေ့ကျင့်သင်ကြားမှု ခံယူခဲ့ပြီးနောက် အခက်တွေ့နေသူများကို ဖုန်းမက်ဆေ့များ ပြန်ပို့ပေးခဲ့ကြောင်း မင်းသားဝီလျံက ပြောသည်။        

ပြီးခဲ့သည့်လက ဗီဒီယိုဖုန်းခေါ်ဆိုမှုတွင် မင်းသားဝီလျံက '' ခင်ဗျားတို့ကို လျှို့ဝှက်ချက်လေးတစ်ခု ပြောပြချင်တယ်။ ကျွန်တော်လည်း ပလက်ဖောင်းတစ်ခုပေါ်ကနေ လုပ်အားပေးလုပ်နေပါတယ်''ဟု ဆိုခဲ့သည်။ ဇွန်လ ၇ ရက်တွင် အဆုံးသတ်သည့် လုပ်အားပေးရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ကင်ဆင်တန်နန်းတော်က လုပ်အားပေးအဖွဲ့တွင် မင်းသားဝီလျံ ပါဝင်ခဲ့ခြင်းကို ထုတ်ဖော်ကြေညာခဲ့ပြီး မင်းသားဂျော့၊ မင်းသမီး ရှားလော့တို့နှင့်အတူ ရိုက်ကူးထားသည့် မင်းသားဝီလျံ၏ဓာတ်ပုံကို ဖော်ပြခဲ့သည်။

(KNT)






အခြားဆက်စပ်သတင်းများ