နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မတန်တဆဈေးဖြင့် တိုက်တန်းလျားဝယ်ယူမှုကြောင့် ဗာတီကန်ရဲတပ်ဖွဲ့က အီတလီစီးပွားရေးသမားကို ဖမ်းဆီး

ဇွန် ၇  ဗာတီကန််

အငြင်းပွားဖွယ် သဘောတူစာချုပ်ဖြင့် လန်ဒန်မြို့ရှိ တန်ဖိုးကြီးနေအိမ်တစ်လုံးကို ဝယ်ယူရန် ဗာတီကန်နန်းတော်ကို ကူညီပေးခဲ့သည့် အီတလီနိုင်ငံသားစီးပွားရေးသမားကို ဗာတီကန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ တော်ဇီမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန် စာချုပ်နှင့်ပတ်သက်၍ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ငွေကြေးအလွဲသုံးစားခြင်း၊ အကြီးစားလိမ်လည်မှု၊ ငွေကြေးခဝါချမှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ တော်ဇီကို ဗာတီကန်နန်းတော်၏ ရဲတပ်ဖွဲ့တန်းလျားတွင် ထိန်းသိမ်းထားပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်ဖွယ်ရှိသည်။ ၂၀၁၈ ခုနှစ်က လန်ဒန်မြို့ ချဲလ်ဆီးအရပ်၊ ဆလိုအာနီလမ်းမကြီးရှိ တိုက်တန်းလျားတစ်ခုကို ဗာတီကန်နိုင်ငံ အတွင်းဝန်ရုံးက ဘုရားကျောင်း၏ပိုက်ဆံဖြင့် ဝယ်ယူခဲ့သည်။ ဗာတီကန်နိုင်ငံအတွင်းဝန်ရုံးမှာ သံတမန်ရေးရာနှင့် နိုင်ငံရေးကိစ္စရပ်များအတွက် တာဝန်ယူရသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

တိုက်တန်းလျား ဝယ်ယူမှုတွင် မတန်တဆဈေးမြင့်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ပြီးခဲ့သည့်အောက်တိုဘာလတွင် ရဲတပ်ဖွဲ့က အတွင်းဝန်ရုံးကို ဝင်ရောက်စီးနင်းပြီး မှတ်တမ်းမှတ်ရာနှင့် ကွန်ပျူတာများကို သိမ်းယူကာ အရာရှိငါးဦးကို တာဝန်မှဆိုင်းငံ့ခဲ့သည်။ တိုက်တန်းလျားအရောင်းအဝယ်မှာ အကျင့်ပျက်ခြစားမှုဖြစ်ခဲ့သည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က သုံးသပ်ထားသည်။ ယခုရက်သတ္တပတ်အစောပိုင်းတွင် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော်က ဘဏ္ဍာရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားကောင်းစေမည့် ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

(KNT)






အခြားဆက်စပ်သတင်းများ