နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ကြီးရွယ်အိုဘဝကို စိုပြည်စေဖို့ ကြိုးပမ်းစို့

မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် သက်တမ်းပိုရှည်လာ သော သဘောဟုဆိုနိုင်သည်။ မကြာမီတွင် သက်ကြီးရွယ်အို လူဦးရေပိုများလာမည်ဟု ခန့်မှန်းထားကြသည်။ သက်ကြီးရွယ်အို တို့သည် တစ်ချိန်က တက်ကြွလန်းဆန်းပြီး မိမိမိသားစုနှင့် မိမိ ပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံအနည်းအများအလိုက် အကျိုး ပြုခဲ့ကြသူများသာဖြစ်သည်။


သိုရာတွင် အိုမင်းမစွမ်းဖြစ်လာချိန်တွင် မည်သည့်အရာကို မျှစိတ်ရှိတိုင်းမစွမ်းဆောင်နိုင်တော့ဘဲ မိသားစု၏ဝန်းကျင်တွင် လူပိုကြီးများဖြစ်လာသည်။


သက်ကြီးရွယ်အို အမိ၊ အဖ၊ ဘိုး၊ ဘွားတို့ကို ဖေးမကူညီစောင့် ရှောက်ကြသူများရှိသကဲ့သို့ ဥပေက္ခာပြုထားကြသူများ၊ ပစ်ပယ် ထားကြသူများ၊ စွန့်ပစ်ထားကြသူများလည်းရှိနေသည်ကို တွေ့ မြင်ကြားသိနေရသည်။


မိအို၊ ဖအိုတို့အနေဖြင့်မိဘဝတ္တရားနှင့်အညီ တာဝန်ကျေပွန် ခဲ့ကြသူများမှာ အများစုဖြစ်သည်။ သို့သော်လည်းအိုမင်းမစွမ်း သက်ကြီးရွယ်အိုဘဝတွင် အချို့မှာ အိမ်စောင့်၊ ယာစောင့်၊ ကလေး ထိန်းအဖြစ် လူရာသွင်းမခံရမှုများကို လူမှုဘဝတွင်တွေ့နေရပေ သည်။


ထိုသို့သော သက်ကြီးရွယ်အိုများဘဝစိုပြည်လှပစေရန် စီမံဆောင်ရွက်ရာတွင် ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအတွက် လူမှုရေးအသင်းအဖွဲ့များနှင့် ကုသိုလ်ပြုစေတနာရှင်များက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများ၊ ဘိုးဘွားရိပ်သာ များဖွင့်လှစ်၍ ခိုးကိုးရာမဲ့ ဘိုးဘွားများအတွက် ဝမ်းမြောက် ဖွယ်ဖြစ်သည်။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးတို့ သည် မေ ၂၄ ရက်က လားရှိုးမြို့၊ ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ဘိုးဘွားများအတွက် ဝန်ကြီးဌာနက ထောက်ပံ့ငွေ များ၊ အလှူရှင်၊ စေတနာရှင်များက ထောက်ပံ့ငွေများကို ပေးအပ် လှူဒါန်းခဲ့ကြသည်။


မေ ၂၅ ရက်က နေပြည်တော်ရှိ ဇမ္ဗူသီရိဟိုတယ်၌ကျင်းပ သော လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ် နှင့် စပ်လျဉ်းသည့် လူမှုရေးပင်စင်ကိန်းဂဏန်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။


ဆင်းရဲနွမ်းပါးပြီး ကိုယ်စိတ်အားငယ်၍ အထီးကျန်ဆန်နေ သော ဘိုးဘွားများအတွက် လိုအပ်ချက်များ ပိုမိုဖြည့်ဆည်းပေး နိုင်မည့် စေတနာရှင် လူမှုရေးအဖွဲ့အစည်းများ တိုးတက်ပွားများ လာစေချင်ပါသည်။ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်များ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် သက်ကြီးရွယ်အိုများ ဘဝတိုးမြှင့်စောင့် ရှောက်ဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ