နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျော့ဖလွိုက်သေဆုံးမှု ၁၂ ရက်မြောက် ဆန္ဒပြပွဲအဖြစ် ဝါရှင်တန်ဒီစီတွင် လူသောင်းချီ ချီတက်ဆန္ဒပြ

ဇွန် ၇ ဝါရှင်တန််

လက်နက်မဲ့လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုကြောင့် ဖြစ်ပွားနေသည့် ဆန္ဒပြမှု ၁၂ ရက်မြောက်နေ့တွင် လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့၏ ရက်စက်မှုများကို ဆန့်ကျင်ကြောင်း အမေရိကန်နိုင်ငံတစ်ဝန်းတွင် ငြိမ်းချမ်းစွာစုဝေးခဲ့ကြသည်။ အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်ဒီစီ၏ အကြီးမားဆုံး ဆန္ဒထုတ်ဖော်မှုတွင် လူသောင်းချီ ချီတက်ဆန္ဒပြခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့များက အိမ်ဖြူတော်အနီးသို့ ဆန္ဒပြသူများ မချဉ်းကပ်နိုင်အောင် ပိတ်ဆို့ခဲ့ကြသည်။ နယူးယော့ခ်၊ ချီကာဂိုနှင့် ဆန်ဖရန်စစ္စကို စသည့်မြို့ကြီးများတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ဂျော့ဖလွိုက်၏ ဈာပနအခမ်းအနားမတိုင်မီ ယင်း၏မွေးရပ်ဇာတိဖြစ်သည့် မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်တွင် လူများက ယင်းကို ဂါရဝပြုခဲ့ကြသည်။

အသက် ၄၃ နှစ်ရှိသည့် ဂျော့ဖလွိုက်မှာ မေလ ၂၅ ရက်က ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုခံခဲ့ရပြီးနောက် သေဆုံးခဲ့သည်။ ရုပ်သံမှတ်တမ်းများအရ ရဲအရာရှိက ဂျော့ဖလွိုက်ကို ထိန်းသိမ်းထားစဉ်အတွင်း ယင်း၏ ဇက်ကို ဒူးဖြင့် ကိုးမိနစ်ကြာ ဖိထားခဲ့ကြောင်း တွေ့ရသည်။ အဆိုပါဖြစ်ရပ်ကြောင့် လူဖြူရဲအရာရှိ ချော်ဗင်ကို ရာထူးမှ ထုတ်ပယ်ပြီး လူသတ်မှုဖြင့် စွဲချက်တင်ထားသည်။ ထို့အပြင် အခြားရဲအရာရှိသုံးဦးကိုလည်း ရာထူးမှထုတ်ပယ်ပြီး လူသတ်မှုတွင် အားပေးကူညီမှုဖြင့် စွဲချက်တင်ထားသည်။

(KNT)






အခြားဆက်စပ်သတင်းများ