နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါနှင့်ပတ်သက်ပြီးကြိုတင်ပြင်ဆင်မည်

ရန်ကုန် မေ ၂၄


ပြည်ပနိုင်ငံများတွင် ပျံ့နှံ့ နေသည့် မျောက်ကျောက် ရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ နည်းပါးသော် လည်း ကျန်းမာရေးဝန်ကြီး ဌာန က ကြိုတင်ပြင်ဆင်သွားမည် ဖြစ်သည်။


မျောက်ကျောက်ကူးစက် ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ တစ်ဝန်း ကူးစက်ဖြစ်ပွားမှုများ ကို ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဆက်လက်စောင့် ကြည့်သွားမည်ဖြစ်ပြီး နိုင်ငံ အတွင်း ရောဂါစောင့်ကြပ် ကြည့်ရှုမှုစနစ်ကိုလည်း ကြို တင်ပြင်ဆင်ဆောင်ရွက်သွား မည်ဖြစ်သည်။


ပြည်တွင်းတွင် မျောက် ကျောက်ရောဂါနှင့် ပတ်သက် ပြီး သံသယလူနာတွေ့ရှိပါက ဓာတ်ခွဲစစ်ဆေးနိုင်မည် ဖြစ် သည်။


မျောက်ကျောက်ရောဂါ သည် ရှားပါးဗိုင်းရပ်စ်အမျိုး အစားဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် အီတလီနိုင်ငံတို့တွင် ကူးစက်သူ ၈၀ ကျော်အထိရှိနေပြီ ဖြစ် သည်။                             AKO






အခြားဆက်စပ်သတင်းများ