နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာသုံးနာနှင့် မြတ်ဆရာ

အခြေခံပညာသင်ကျောင်းများကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ဇွန် ၂ ရက်တွင် ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ် လူငယ်များ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် အခြေခံ ပညာရေးသည် များစွာအဓိကကျသည်။ ယနေ့လူငယ်များသည် ပညာသင်ကြားရေးအပြင် လွတ်လပ်စွာတွေးခေါ်ပြောဆိုကြံဆ ရေးတို့ကိုပါ စိတ်ဝင်စားလာကြသည်။


မြန်မာ့လူဘောင်လောကတွင် မျိုးဆက်လူငယ်များ၏ အနာ ဂတ်ဘဝရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာကို အခြေခံပြီး မွန်မြတ်သည့် ပြုစုပျိုးထောင်ရေး လုပ်ငန်း၊ တာဝန်များကို ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမ များအား ရိုသေလေးစားတန်ဖိုးထားကြသည်။


ယနေ့လူငယ်၊ လူရွယ်များသည် အနာဂတ်ကိုတည်ဆောက် ကြမည့် သားကောင်းရတနာများဖြစ်ကြရာ ဆရာ၊ ဆရာမများက ကောင်းမွန်စွာပြုစုပျိုးထောင်စောင့်ရှောက်နိုင်မှုသည် အဓိက အကြောင်းတစ်ရပ်ဖြစ်သည်။ ထူးချွန်ထက်မြက်သော လူတော် လူကောင်းများကို ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်သာယာ လှပရေးအတွက် ကြိုးပမ်းကြခြင်းပင်ဖြစ်သည်။


မိဘများသည် မိမိတို့၏ သား၊ သမီးများအား ထူးချွန်ထက်မြက် လိမ္မာရေးအတွက် ဆရာများထံ အပ်နှံကာ ပညာရပ်အသီးသီး ကို သင်ကြားစေခဲ့သည်။ ကံ့ကူလက်လှည့်ဆရာများ၏ သင်ကြားပို့ ချမှုကြောင့် တိုးတက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။


အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့ကို အပြည့်အဝသောက်စို့နိုင်ရန်နှင့် အရည်အသွေး ပြည့်ဝပြီး ဆရာ၊ တပည့်အချိုးမျှတသည့်သင်ကြားမှုစနစ်ဖြစ် စေရန်အတွက် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများလိုအပ်ပါသည်။


ခြိမ်းခြောက်အကျပ်ကိုင်ခံရခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ စိုးရိမ်ကြောင့်ကြမှုများ ကြောင့် တာဝန်မှကင်းကွာခဲ့ကြသော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးတာဝန်များကို ပြန်လည် ထမ်းဆောင်နိုင်ရန်အတွက် မိမိသဘောဆန္ဒအလျှောက် မိမိတို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့ နယ်ပညာရေးမှူးရုံး၊ မိမိလက်ရှိနေထိုင်ရာ ဒေသနီးစပ်ရာ မြို့နယ် ပညာရေးမှူးရုံးသို့ ဖြစ်စေသတ်မှတ်ပုံစံဖြည့်စွက်ရန်နှင့် အယူခံ  လွှာတင်သွင်းရန် မေ ၃၁ ရက်မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။


ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံး ဖြစ်သည့် လူသားအရင်းအမြစ်များ ပျိုးထောင်ရာတွင် ပဓာနကျ သည့် ဆရာများ၏ ဂုဏ်ရည်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ဂုဏ်ကျေးဇူး ကို ဖော်ကျူးဂုဏ်ပြုနိုင်ရန် ဆရာကောင်း၊ ဆရာမြတ်များ ပေါ် ထွန်းလာရေးလိုအပ်သည်။


ဆရာ၊ ဆရာမများသည့် ပညာသင်ကြားပေးသည်သာမက စိတ်ဓာတ်၊စည်းကမ်း၊ စံပြဖြစ်ရေး ပြုစုပျိုးထောင်ပေးရာတွင် ဖြူစင်၊  သန့်ရှင်းမွန်မြတ်လှသည့် မေတ္တာ၊ ကရုဏာ၊မုဒိတာ၊ စေတနာ၊ ဝါသနာ၊ အနစ်နာတည်းဟူသော ကြန်အင် လက္ခဏာ ကောင်းမျာ ရှိသည့်  မြတ်ဆရာတို့အပေါ် အစဉ်လေးစားဂါရဝပြု လျက် မျိုးဆက်သစ်လူငယ်များကို ပညာရည်မြင့်မားရေးကြိုးပမ်း စွမ်းဆောင်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ