နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖင်လန်သို့ ရေနံတင်ပို့မှု ရုရှားရပ်ဆိုင်းမည်

မော်စကို၊  မေ  ၂၂


ရုရှားရေနံကုမ္ပဏီဖြစ်သည့် Gazprom သည် မေ ၂၁ ရက်မှစ၍ ဖင်လန်သို့ ရေနံတင်ပို့တော့မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။ အကြောင်းအရင်းမှာ ဖင်လန်သည် ရုရှားထံမှ ရေနံဝယ်ယူရာတွင် ရူဘယ်ငွေဖြင့် ငွေပေးချေမှုမလုပ်သော ကြောင့် ယခုကဲ့သို့ ရေနံတင်ပို့မှု ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း သိရသည်။ 


ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားသည် ယင်းတို့၏ ရေနံဝယ်ယူမှုအတွက် ရူဘယ်ငွေကြေးဖြင့်ပေးချေရမည်ဟု ကြေညာ ထားသည်။  သဘောတူညီချက်အရ ရေနံအတွက်ငွေပေးချေမှုကို ကန်ဒေါ်လာသို့ မဟုတ် ယူရိုဖြင့်သာ ငွေပေးချေရမည်ဟုပါရှိသော်လည်း ရုရှားကမူ ယင်းတို့၏ ရေနံ ဝယ်ယူမှုအတွက် ရူဘယ်ဖြင့်သာပေးချေရမည်ဟု အမိန့်ထုတ်ထားပြီး ထုတ်ပြန်မှု ကို မလိုက်နာသော ဘူလ်ဂေးရီးယားနှင့် ပိုလန်ကို ပြီးခဲ့သည့်လတွင် ရေနံတင်ပို့မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ဖင်လန်နိုင်ငံတွင် အသုံးပြုသော ရေနံအများစုသည် ရုရှားနိုင်ငံမှဖြစ်သော်လည်း သဘာဝဓာတ်ငွေ့  ၅ ရာခိုင်နှုန်းကိုသာ ရုရှားထံမှဝယ်ယူခြင်းဖြစ်သည်။ 

(Ref:Reuters)






အခြားဆက်စပ်သတင်းများ