နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်တောများ မပြုန်းတီးရေး ဖြည့်စွက် စိုက်ပျိုးပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မိုးရာသီရောက် တိုင်း စု‌ပေါင်းသစ်ပင်စိုက်ပွဲများ ကျင်းပလျက်ရှိသည်။ သစ်ပင် စိုက်ပွဲများတွင် အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များ စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။


သစ်တော၊ သစ်ပင်များ မပြုန်းတီးစေရန် ဝိုင်းဝန်းထိန်းသိမ်း ခြင်း ပြန်လည်ဖြည့်စွက် စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ကြရာတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများက တစ်ထောင့်တစ်နေရာ မှ ပါဝင်လာရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ပင်စုပေါင်း စိုက်ပျိုးနိုင်ခဲ့သည်။


၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို မေ ၂၀ ရက်က မင်္ဂလာဒုံမြို့နယ်၊ လှော်ကားကြိုးဝိုင်းအတွင်း ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ တိုင်းဒေသကြီးခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ များက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များ စိုက်ပျိုးပေး သည်။


သစ်တောဦးစီးဌာနအနေဖြင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုသကဲ့သို့ သာယာလှပပြီး ရာသီဥတုပြောင်းလဲမှု ဒဏ်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ဖြစ်ထွန်းရေးနှင့် သစ်တော၊ သစ်ပင်များ စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းကို အစဉ်တစ်စိုက် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးအစားစုံလင်စွာ စိုက်ပျိုးရာ ကံ့ကော်၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ မန်ဂျန်ရှားသစ်မျိုးများ စုစုပေါင်း ၅၀၀၀ ပင်ကို စိုက်ပျိုးခဲ့ ကြသည်။


စိုက်ပျိုးထားသည့် သစ်ပင်များရှင်သန်အောင် ပြုစုပျိုးထောင်  ခြင်း၊ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ရေရှည် အကျိုးအတွက် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သည်။ သားစဉ် မြေးဆက် အကျိုးကျေးဇူးခံစားရမည့် လုပ်ငန်းဖြစ်သည်။ သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး အတွက် စဉ်ဆက်မပြတ် စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းလည်း အရေးကြီးသည်။ စီးပွားရေးစိုက်ခင်းများကို ဒေသအလိုက် တည်ထောင်ရာတွင် ယင်းသစ်တောများအတွင်း သတ်မှတ်ကာလ အလိုက် ပင်ကျပ်နုတ်ခြင်းများ ဆောင်ရွက်ရာ ထွက်ရှိလာသော ပင်ကျပ်တိုင်များသည် ဒေသနေပြည်သူများအတွက် လယ်ယာ လုပ်ငန်းခွင်သုံး၊ အိမ်ရာခြံများတွင် သုံးစွဲနိုင်သဖြင့် ဒေသနေ ပြည်သူများအတွက် အထောက်အပံ့ဖြစ်စေသည်။ သစ်ပင်စိုက် ပွဲတော်များ ကျင်းပခြင်း၊ ဂေဟစနစ်များ ကောင်းမွန်ရေး၊ ဘေးမဲ့ တောများ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပေသည်။


သို့ဖြစ်ရာ လူတိုင်း တာဝန်သိသိဖြင့် သစ်ပင်စိုက်ပျိုးခြင်း၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကာကွယ်ရေး သစ်တော၊ သစ်ပင်များကို တိုင်း ဒေသကြီးနှင့် ပြည်နယ်ခရိုင်၊ မြို့နယ်ကျေးရွာ ရပ်ကွက်များ ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူပူးပေါင်း ဆောင်ရွက် စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ