နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်မြင်မှုများနှင့်အတူ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်

၂၀၂၂ ခုနှစ် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီး ကျင်းပရန် ၁၄ ရက်သာလိုတော့သည်။ ယခုကျင်းပ မည့်ပြိုင်ပွဲကြီးကို အိမ်ရှင်နိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံက လက်ခံ ကျင်းပမည်ဖြစ်ပြီး အာဆီယံဒေသအတွင်း   အကြီးမားဆုံး        အားကစားပြိုင်ပွဲကြီးဖြစ်သည့်အပြင် ဒေသအတွင်းနိုင်ငံများမှ အားကစားမောင်မယ်များဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၌ မေ ၁၂ ရက်မှ ၂၃ ရက် အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင် မည့် အားကစားသမား ၂၉ ဦးတို့က အားကစားနည်း ၂၀ ၌            ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင် နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ဧပြီ ၂၉ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောင်နိုင်ရေးအတွက် ဩဝါဒစကားပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ အောင်နိုင်ရေး အလံ ကို အပ်နှင်းသည်။


၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲဝင်အားကစားသမားများ သည် အောင်နိုင်ရေးအတွက် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ရန် ယှဉ် ပြိုင် ဇွဲ၊ သတ္တိအပြည့်နှင့် ယှဉ်ပြိုင်ကြရန်လိုအပ် သည်။ "ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသကဲ့သို့ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင် ဆင်နေမှုများကိုလည်း ကြားသိ၊ မြင်တွေ့ခံစားခဲ့ရပြီးဖြစ်သည့် အတွက် မိမိတို့၏ အားကစားသမိုင်းတွင်မှတ်တမ်း တင်နိုင်ရေးကို တက်ညီလက်ညီနှင့် အစွမ်းကုန်ယှဉ်ပြိုင်သွားကြရန်မှာကြား လိုကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲများအနေ ဖြင့် ယခင်ကပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက်ဆုတံ ဆိပ် များကို ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာ အားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်း လဲမှတ်တမ်းတင်နိုင်မည်ဖြစ်ပါကြောင်း၊ အားကစားအောင်မြင်မှု ဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအား ကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင်ရှိနေသည်"ဟု နိုင်ငံတော် ဝန်ကြီးချုပ်က ထည့်သွင်းမှာကြားထားပြီးဖြစ်သည်။


သို့ဖြစ်၍ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင် ပွဲကြီးတွင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ရန် ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့် ဇွဲ၊ လုံ့လတို့ဖြင့် ယှဉ်ပြိုင်ကြပြီး၊ အားကစားနှင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးမည့် အားကစားသူရဲကောင်း မောင်မယ်များအဖြစ် သမိုင်းမော်ကွန်းရေးထိုးပေးကြရန် တိုက် တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ