နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကူးစက်မှုများလျှော့ချနိုင်ရန် ပို့ကုန်၊ သွင်းကုန်လိုင်စင်ကို နှစ်ရက်အတွင်း ကန်ဒေါ်လာ ၃၅ သန်းကျော်ဖိုး ထုတ်ပေး

ရန်ကုန် ဧပြီ ၄ Covid-19 ဗိုင်းရပ်စ်ပိုးကူးစက်မှုများအား လျှော့ချနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးလျက်ရှိသည့် ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားမှုအား ဧပြီ ၁ ရက်မှစတင်၍ အွန်လိုင်းမှလျှောက်ထားခြင်း၊ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ စတင်ခွင့်ပြုခဲ့ရာ ဧပြီ ၂ ရက်အထိ နှစ်ရက်အတွင်းအမေရိကန်ဒေါ်လာ ၃၅ သန်းကျော်ဖိုး ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်၊ သွင်းကုန်လိုင်စင်ပါမစ်များနှင့် အကောက်ခွန်သက်သာခွင့် (CO) ပုံစံများအား ရုံးဌာနသို့လာရောက်ရန်မလိုဘဲ ဧပြီ ၁ ရက်မှစတင်၍ အွန်လိုင်းပေါ်မှ စိစစ်ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။ အဆိုပါစနစ် စတင်သည့် ဧပြီ ၁ ရက်တွင် ပို့ကုန်၊ သွင်းကုန် လိုင်စင်စောင်ရေ ၄၆ စောင်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်နှင့် ဧပြီ ၂ ရက်တွင် ပို့ကုန်သွင်းကုန် လိုင်စင် စောင်ရေ ၆၇ စောင် ၊ တန်ဖိုး ကန်ဒေါ်လာ ၂၀ သန်းခန့်အား အွန်လိုင်းမှခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် လုပ်ငန်းရှင်များအနေဖြင် အွန်လိုင်းမှလျှောက်ထားနိုင်သကဲ့သို့ ဌာနသို့လာရောက်လျှောက်ထားပါကလည်း ခွင့်ပြုထုတ်ပေးလျက်ရှိသော်လည်း ဧပြီ ၉ ရက်မှစတင်၍ သွင်းကုန်ပစ္စည်းအမယ် ၉၁ မျိုးနှင့် ပို့ကုန် ပစ္စည်းအမယ် ၇၃ မျိုးတို့ကို အွန်လိုင်းစနစ်ဖြင့်သာ လျှောက်ထားခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းပေါ်မှ လျှောက်ထားခွင့်ပြုထားသည့် ကုန်ပစ္စည်းများကို Myanmar Tradenet Website မှတစ်ဆင့် ခွင့်ပြုဆောင်ရွက်ပေးမည်ဖြစ်ကာ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ထပ်မံတိုးမြှင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုလုပ်ငန်းရှင်များအား အသိပေးကြေညာထားသည်။ ယခင်ထုတ်ပေး ဆောင်ရွက်လျက်ရှိသည့် CMP(အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင် ၊ လျှောက်ထားမှု အရေအတွက်အများဆုံးဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်မည့်ပစ္စည်းများ သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးစက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားအုန်းဆီနှင့် ဆီထွက်ကုန်ပစ္စည်းများ၊ နို့နှင့်နိုထွက်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စွမ်းအင်သုံး ပစ္စည်းများ၊ ချောဆီ၊ ဆိုင်ကယ်၊ စက်ဘီးများနှင့် ပို့ကုန်အတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ ခဲသတ္တု၊ သကြား၊ သဘာဝဓာတ်ငွေ့များအပါအဝင် အခြားသွင်းကုန်၊ ပို့ကုန်ပစ္စည်း ၁၆၄ မျိုးကို အွန်လိုင်းမှထုတ်ပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ